မြောင်းမြမြို့နယ်တွင် နိကာယ်စာမေးပွဲ ကျင်းပ

မြောင်းမြ ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် နိကာယ် စာမေးပွဲ (ဝိဒူတန်း)ဖြေဆိုခြင်းကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယမန်နေ့မှစ၍ အလယ်တောရ ဘုန်းတော်ကြီးကျောင်း၊ ပုပ္ပါရုံကျောင်းဆောင်၌ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါနိကာယ်စာမေးပွဲ (ဝိဒူတန်း)ကို ဇွန် ၂၁ ရက်နေ့ မှ ၂၅ရက်နေ့အထိကျင်းပပြုလုပ်မည်ဖြစ်ပြီး နိကာယ် စာမေးပွဲ (ဝိဒူတန်း)တွင် ရဟန်း (၂၅)ပါး၊သာမဏေ (၂)ပါး၊ သီလရှင် (၉)ပါး၊ စုစုပေါင်း (၃၆)ပါးစာရင်းပေး ဝင်ရောက်ဖြေဆိုတော်မူကြမည်ဖြစ်ရာ ယနေ့ ဒုတိယနေ့တွင် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း(၁၄)ပါး ဖြေဆိုတော်မူကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှတာဝန်ရှိသူတစ်ဦး၏ ပြောပြ ချက်အရ သိရသည်။
ကေခိုင်စိုး(မြောင်းမြ)