ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် မြန်မာ့ထုံးတမ်းဥပဒေ  အသိပညာပေး Talk Show ဆောင်ရွက်

ဇေယျာသီရိ   ဇွန်   ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် မြန်မာ့ထုံးတမ်းဥပဒေ  အသိပညာပေး Talk Show ကို ယနေ့ နေ့လည် ()နာရီက ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်မြစန်းရီ၊ စာရေးဆရာမ သက်သက်နွယ်နှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးတို့က  မြန်မာ့ထုံးတမ်းအစဉ်အလာအရ ဇနီးမောင်နှံနှစ်ဦးအကြား ပစ္စည်းပိုင်ဆိုင်ခွင့် ပြဋ္ဌာန်းထားမှုများ အကြောင်း၊ အမျိုးသမီးများ ကွာရှင်းရန်၊ လက်ထပ်ရန် အတွက် ပြဌာန်းထားသည့် ဥပဒေများအကြောင်း နှင့် မိသားစုများအတွင်း အမွေဆက်ခံပိုင်ခွင့်နှင့်ပတ်သက်၍ ဥပဒေပြဌာန်းချက်များအကြောင်း ဆွေးနွေး ခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)