ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်ပြီး အသိပေးနှိုးဆော်

ချောင်းဆုံ      ဇွန်     ၂၂ 

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ ကြီးကြပ်လမ်းညွှန်မှုဖြင့် သတင်းနှင့်ပြန်ကြားရေး ဆပ်ကော်မတီမှ ချောင်းဆုံမြို့ပေါ်ရပ်ကွက်နှင့် ခရိုက်သစ်ကျေးရွာတို့တွင် ဇွန်လ ၂၁ ရက်နေ့ ည ၇ နာရီခွဲအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်ပြီး အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။ 

အဆိုပါ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ချက်များ ဆောင်ရန်ရှောင်ရန်အချက်များ၊ အိမ်အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) များ တပ်ဆင်ကြရန် စသည့်အချက်များကို ပြည်သူများအား သိရှိစေရန်အတွက် မြို့နယ် သတင်းနှင့် ပြန်ကြားရေးဆပ်ကော်မတီမှ မော်တော်ယာဉ်ဖြင့် လှည့်လည် အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။ 

ချောင်းဆုံ