ကျုံပျော်တွင် ပန်းခင်းစီမံချက် အောင်မြင်စွာဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီးဦးစီးမှူး ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ကျုံပျော် ဇွန် ၂၂

တစ်နိုင်ငံလုံးတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိရာ ကျုံပျော်မြို့နယ်တွင်လည်း စီမံချက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးက ယမန်နေ့ နေ့လည်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးတွင်  ဝန်ထမ်းများနှင့်‌တွေ့ဆုံကာ ပန်းခင်းစီမံချက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် အမှာစကားပြောကြားပြီး၊  မြို့နယ်ဦးစီးမှူး ဦးသိန်းမောင် က မြို့နယ်အတွင်း စီမံချက်ဆောင်ရွက်‌ပေးနေမှု အခြေအနေများအား ရှင်းလင်း တင်ပြခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးသည် သရက်ချိုကျေးရွာအုပ်စု၊ လဟာပိုင်းကျေးရွာအုပ်စုနှင့် ပျဉ်ချဆိပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ လက်ဝယ်သို့  ဆောင်ရွက်ပြီးစီးသော နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ပေးအပ်ခဲ့ပြီး၊ အင်းမကျေးရွာအုပ်စုအား ရုံးတွင်ခေါ်ယူ၍ ပန်းခင်းစီမံချက် ဆောင်ရွက် ပေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

ကျုံပျော်မြို့နယ်တွင် ယနေ့အထိ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု(၂၁၆)စုနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၅၇၂) ခုတို့ကို ဆောင်ရွက် ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ စီမံချက်၏ ပထမ(၃)လဖြစ်သော မေ၊ ဇွန်၊ ဇူလိုင် လများတွင် ရုံးသို့ခေါ်ယူကာ ဆောင်ရွက်ပေးနေပြီး၊ တတိယ(၃)လနှင့် စတုတ္ထ(၃)လများတွင် ကွင်းဆင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ စီမံချက်ကာလမှာ (၃.၅.၂၀၂၁) ရက်နေ့မှ (၃.၁၁.၂၀၂၂) ရက်နေ့အထိ (၁၈)လ ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)