ဘီးလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်စားများအား နေ့အလိုက် ပင်စင်လစာများ ထုတ်ပေး                                           

ဘီးလင်း   ဇွန်  ၂၂

သထုံခရိုင်၊ ဘီးလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်စားများအတွက် ပင်စင်လစာများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိသည်။

 ထိုသို့ ထုတ်ပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ ပင်စင်လာရောက် ထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက်   စနစ်တကျရှိစေရန် သုံးပေအကွာ စည်းများပြုလုပ်ထားခြင်း၊ လက်ဆေးဘေစင်များ  ပြုလုပ်ထားခြင်းများကို ဘီးလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ စီမံဆောင်ရွက်ထားသည်။

 

အဆိုပါ ပင်စင်ထုတ်ယူရာ၌ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက်  ဇွန် ၂၁ ရက်နေ့မှ   ၂၈  ရက်နေ့အထိ ဘီးလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားများအားနေ့စဉ် နံနက်   နာရီမှ ညနေ နာရီအထိ ထုတ်ပေးလျက်ရှိသည်။ ထို့ပြင် သတ်မှတ်ရက်များတွင်  လာရောက် ထုတ်ယူနိုင်ခြင်း မရှိသော အငြိမ်းစားများအား  ဇူလိုင်လဆန်းတွင် ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ပြီး၊ ယနေ့အထိ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်ထုတ် ယူသူ (၃၄၆) ဦးရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

  ထူးနောင်