ထီးလင်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ( Talk Show ) ပြုလုပ်

ထီးလင်း ဇွန် ၂၂

 

မူးယစ်ဆေးဝါးအန္တရာယ်၏ဆိုးကျိုးများနှင့်ပတ်သက်၍ ပြည်သူများ၊ လူငယ်လူရွယ်များ၊ ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားပြီး မူးယစ်ဆေးဝါး သုံးစွဲခြင်းမှ ရှောင်ကြဉ်နိုင်စေရေးတို့အတွက် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ( Talk Show ) ကို ယနေ့နံနက် ၁၀ နာရီက ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ပြုလုပ်သည်။

 

ရှေးဦးစွာ ထီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက မြန်မာနိုင်ငံသို့မူးယစ်ဆေးဝါး စတင်ရောက်ရှိသည့်သမိုင်း အကျဉ်း၊ မူးယစ်ဆေးဝါး စွဲလမ်းသုံး စွဲမိသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး စာကြည့်တိုက် လက်ထောက်-၃၊က မူးယစ်ဆေးဝါးအန္တရာယ်၏ ဆိုးကျိုးများကို ရှင်းလင်း ဆွေးနွေးသည်။

 

ထီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြောခြင်း၊ ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများ၊ ကဗျာရွတ်ခြင်း၊ အရုပ်ခေါက်ခြင်း စသည်တို့ကို Online မှတစ်ဆင့် နေ့စဉ် စီစဉ်တင်ဆက်ပေးလျက် ရှိကြောင်း သိရသည်။

 

အောင်စည်(ပြန်/ဆက်)