သတင်းများ

ကသာမြို့နယ်၊ ပင်းမလွတ်ကျေးရွာရှိ မိုးစပါးဆင်းဧကရီ(၃)မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်း တောင်သူများအား စိုက်ပျိုးရေးဆိုင်ရာနည်းပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Sep 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ကသာမြို့နယ် မြို့မနည်းပညာ ပြန့်ပွားရေးနယ်မြေအတွင်းရှိ ပင်းမလွတ်ကျေးရွာတွင် ကိုဗစ်-၁၉ ကာလ အတွင်း စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသော မိုးစပါးဆင်းဧကရီ(၃) မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်း တောင်သူများအား  ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကလေးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကလေးမြို့နယ် စက္ကန့်ကျေးရွာရှိ မီးဘေးသင့် အိမ်ထောင်စုအား ထောက်ပံ့ငွေများပေးအပ်
Sep 24,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် စက္ကန့်ကျေးရွာတွင် ယမန်နေ့ညက မီးဖို မီးကြွင်းမီးကျန် မှတဆင့် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ ကလေးခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနမှ ယနေ့မွန်းလွှဲ ၂ နာရီ ၄၅မိနစ်အချိန်က  မီးဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့ငွေများပေးအပ် ထောက်ပံ့ခဲ့ကြောင်း သိရသည်။
မော်လိုက်မြို့ သစ်ထုတ်ရေး ဝန်ထမ်းသစ် များအား Stay at Home ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျန်းမာရေးစစ်ဆေးပေး
Sep 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦး၊ ခရိုင်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူး ဒေါက်တာ သက်အောင်မိုးနှင့် အဖွဲ့ဝင်များသည် စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်း က မော်လိုက်မြို့သစ် ထုတ်ရေးဒေသ ဝန်ထမ်းအိမ်ယာများတွင် ချောင်းခေါင်းဝန်ထမ်းသစ်များအား Stay at Home ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျန်းမာရေးစစ်ဆေးမှုများ ပူးပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ Stay at Home နေထိုင်ရေး အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်
Sep 24,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် ၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ကိုဗစ်−ရောဂါ ကူးစက်ပျံ့နှံမှုမရှိစေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ရည်ရွယ်၍ ရပ်ကွက်/ကျေးရွာ များအတွင်း နေထိုင်ကြသော အများပြည်သူများအား Stay at Home နေထိုင်ကြရန် ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဌာနမှ ဦးဆောင်၍ သက်ဆိုင်ရာရပ်ကွက် /ကျေးရွာများ အလိုက် အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်သည်။
သန်လျင်မြို့နယ် ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေး အသွားအလာကန့်သတ်ထားရှိမှု ကြည့်ရှုစစ်ဆေး
Sep 24,2020
ရန်ကုန်တောင်ပိုင်းခရိုင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်သည် ယနေ့နံနက်တွင် သန်လျင်မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးသည်။
ခန္တီးမြို့တွင် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ
Sep 24,2020
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ကိုဗစ်-၁၉ ရောဂါမဖြစ် ပွားရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် နှာခေါင်းစည်း (Mask) များအခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းကို ကမ်းနားလမ်းနှင့် လမ်းဆုံနေရာများတွင် အသိပညာပေးကာလ ရက်သတ္တပတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး အသိပညာပေးကာလပြီးလျှင် ပြည်သူများနေအိမ်မှ အိမ်ပြင်ထွက်ရာတွင် နှာခေါင်းစည်းမတပ်ဘဲ သွားလာပါက စက်တင်ဘာ ၂၈ ရက် တနင်္လာနေ့မှစ၍ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မုဒုံမြို့နယ် ကမာဝက်မြို့အတွင်းရှိ သွားလာကန့်သတ်ထားသည့် ရပ်ကွက်ရှိ အိမ်ထောင်စုများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း
Sep 24,2020
မွန်ပြည်နယ်မုဒုံမြို့နယ် ကမာဝက်မြို့အတွင်းရှိ သွားလာကန့်သတ်ထားသည့် သိမ်ကုန်း ရပ်ကွက် အိမ်ထောင်စုများ အတွက် ယမန်နေ့က အလှူငွေများနှင့် အဝတ်နှာခေါင်းစည်း Mask များကို မေတ္တာစံအိမ် (Day Care Family) ကိုဗစ်-၁၉ ကာကွယ်ရေးအဖွဲ့မှ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျေးသီးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများအား ထောက်ပံ့ကြေးပေးအပ်
Sep 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်ကွက်/ကျေးရွာ စာရေး ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။