ကျောက်ဖြူမြို့နယ်အတွင်းရှိ ရေလမ်းခရီးသွားပြည်သူများအား Life Jacket အသက်ကယ်ဝတ်စုံ စနစ်တကျဝတ်ဆင်တတ်စေရန် အသိပညာပေးခြင်းများဆောင်ရွက်

 

ကျောက်ဖြူ   ဇွန် ၂၂

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ ရေလမ်းခရီးသွားပြည်သူများကို ရေလမ်းခရီးသွား လာရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် (Life Jacket) အသက်ကယ်ဝတ်စုံ စနစ်တကျဝတ် ဆင်အသုံးပြုတတ်စေရေး အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီက မီးသတ်တပ်ဖွဲ့ဝင် များက ငလပွေ့ရပ်ကွက်ရှိ မော်တော်များဆိပ်ကပ်ရာ ဆိပ်ခံတံတားသို့သွားရောက်၍ လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြ သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင်မီးသတ်စခန်းမှ ဒုတိယဦးစီးမှူး ဦးထိန်လင်းနိုင်             ဦးဆောင်၍ ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ အဆိုပါဆိပ်ကမ်းတ လျှောက်ရှိ ကျောက်ဖြူမြို့မှ ကမ်းထောင်းကြီးမြို့နယ်နှင့် တပ်တောင်မြို့နယ်များသို့ ခရီးသည်တင်ပြေး ဆွဲနေသော မော်တော်ဘုတ်ပိုင်ရှင်များနှင့် ရေလမ်းခရီးကိုအသုံးပြုသွားလာနေကြသော ခရီးသွားပြည် သူများ၊ ကုန်တင်ကုန်ချအလုပ်သမားများ၊ ပင်လယ်ငါးဖမ်းရေလုပ်သားများကို အသက်ကယ်ဝတ်စုံ Life Jacket စနစ်တကျဝတ်ဆင်အသုံးပြုတတ်စေရန် ဝတ်ဆင်မှုများအားပြသကာ လက်တွေ့ဝတ်ဆင်စေ မှုများအားဆောင်ရွက်ခဲ့သည်။ ယင်းနောက် ၎င်းတပ်ဖွဲ့ဝင်များမှ ငါးဖမ်းစက်လှေပိုင်ရှင်များ၊ မော်တော် ဘုတ်ရေယာဉ်ပိုင်ရှင်များကို ယခုအခါ မိုးဦးရာသီကာလသို့ရောက်ရှိလာပြီဖြစ်သဖြင့် မိုးရာသီတွင်ကြုံ တွေ့ရတတ်သော မြစ်ရေကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မုန်တိုင်းဝင်ရောက်ခြင်း အစရှိသည့် သဘာဝ ဘေးများကြုံတွေ့လာနိုင်သောကြောင့် ရေယာဉ်များမတော်တဆတိုက်မိခြင်း၊ ရေယာဉ်တိမ်းမှောက်ခြင်း များကြုံတွေ့လာနိုင်သဖြင့် ရေယာဉ်ပိုင်ရှင်များအနေဖြင့် အသက်ကယ်ဝတ်စုံများ လုံလောက်စွာထားရှိ နိုင်ရေး အထူးအလေးထား စီစဉ်ဆောင်ရွက်ထားကြရန်ပြောကြားပြီး သဘာဝဘေးအသိပညာပေး လက် ကမ်းစောင်များအား ဝေငှပေးခဲ့သည်။

         

  တင်ထွန်းဦး၊ ဖြိုးဝေလင်း