မြစ်ကြီးနား ဇွန် ၂၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ် သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်အသေးစားနှင့် စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်မောင်းက အဖွင့်အမှားစကား ပြောကြားပြီး ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်မှ သင်တန်းနှင့်ပက်သက်သည့် စည်းကမ်းချက်များ ပြောကြား ခဲ့ကြသည်။
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ် သင်တန်းတွင် မြစ်ကြီးနားခရိုင်အတွင်းရှိ ရပ်ကွက် ကျေးရွာများမှ စက်ချုပ်နည်းပညာဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်လိုသည့် ဒေသခံပြည်သူ(၂၀)ဦးအား သင်တန်းနည်းပြ ဆရာမ(၂)ဦးဖြင့် ဇွန်လ(၂၂)ရက်နေ့မှစတင်၍ ဩဂုတ်လ (၄)ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါ သက်မှတ်စည်းကမ်းချက်များနှင့်အညီ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းမှ သိရသည်။
ခရိုင်(ပြန်/ဆက်)