ကျောက်ကြီး ဇွန် ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက် မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အထက (ခွဲ) ပဲခူးရပ်ကျောင်းတွင် ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်း ခြင်း၊ မူးယစ်အန္တရာယ် ရှောင်ကြဉ်ဖွယ်၊ မုံရွာဝင်းဖေရေးသားသော ကမ္ဘာ့ရန်သူ ဘိန်းဖြူကဗျာ၊ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများနှင့် အသိ ပညာပေးကာတွန်းတို့ ပါဝင်ပြီး သတင်းစကားလက်ကမ်းစာစောင် များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သော်ဇင်အောင်နှင့် ဝန်ထမ်းများက ဆရာ၊ ဆရာမများ ကျောင်းသူ၊ ကျောင်းသားများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
K ခိုင်