မိတ္ထီလာတွင် စာဖတ်ဝိုင်းကျင်းပ

မိတ္ထီလာ  ဇွန်  ၂၂

မိတ္ထီလာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre)ခန်းမ၌ ယနေ့မွန်းလွဲ ၂ နာရီအချိန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင်ဇွန်လ ၂၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၁၁ တွင် ဖော်ပြပါရှိသော ဆောင်းပါးရှင် မြင်းခြံကျော်အောင်၏ ရိုးသားဖြောင့်မတ်ခြင်းသည် အကောင်းဆုံးလမ်းစဉ်ဖြစ်သည် ဆောင်းပါးအား ခရိုင်ဦးစီးမှူး ဦးမျိုးမင်းဇော် ကလည်းကောင်း ၊ ဇွန်လ ၂ဝ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၁ဝ တွင် ဖော်ပြပါရှိသော ဆောင်းပါးရှင် ကျော်ကျော်လှိုင်၏ ဗုဒ္ဓအဆုံးအမဖြင့်အောင်မြင်ခြင်း ပူဇာစ ပူဇနေယျာနံ ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မင်္ဂလာမည်၏ ဆောင်းပါးအား မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းရီ က လည်းကောင်း ဖတ်ကြားဆွေးနွေးခဲ့သည်။ အဆိုပါစာဖတ်ဝိုင်းကို ဝန်ထမ်းများ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် ၊ အသိပညာဗဟုသုတများပြားလာစေရန် ၊ စာဖတ်ခြင်းဖြင့် အတွေးအခေါ်စဉ်းစားဉာဏ် ပညာများရင့်သန်တိုးတက်လာစေရန် ၊ မိမိသိရှိသော အသိပညာများကို ပြန်လည်မျှဝေတတ်စေရန် စသောရည်ရွယ်ချက်များဖြင့်ကျင်းပခြင်းဖြစ်ပြီး အပတ်စဉ် ရက်သတ္တပတ်တစ်ပတ်လျှင် တစ်ကြိမ်ကျင်းပ သွားမည်ဖြစ်ကြောင်းသိရသည်။

ချမ်းသာ