နတ်တလင်း ဇွန် ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ သရက်တပင်အုပ်စု၊ စည်ပင်သာကျေးရွာနေ အသက်(၇၀)ခန့်အဘိုး၊ အဘွား ဇနီးမောင်နှံ(၂)ဦးသည် နေမကောင်းဖြစ်ပြီး အနံ့ပျောက်ခြင်းဖြစ်ပေါ် သဖြင့် ယနေ့ နံနက်(၉)နာရီအချိန်က နတ်တလင်း ပြည်သူ့ဆေးရုံသို့ ဓမ္မဝံသာနုရက္ခိတ လူမှုကယ်ဆယ် ရေးအသင်းမှ သွားရောက်ပို့ဆောင်စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဖျားနာ၊ အနံ့ပျောက် (သံသယ) လူနာ(၂)ဦးအား ကိုဗစ်ရောဂါပိုးရှိ၊ မရှိ Rapid Diagnostic Antigen Test Kid (RDT) ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသဖြင့် နတ်တလင်းမြို့ ပြည်သူ့ဆေးရုံတွင် ထားရှိကြောင်း သိရသည်။
ထားထားဦး