ကျိုက်မရော ဇွန် ၂၂
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များအား ယနေ့နံနက် ၈ နာရီက ပြည်သူများနှင့် ကျောင်းသူ၊ ကျောင်းသားများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့သည်။
အဆိုပါသတင်းစကား လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး လုပ်ငန်းများ၊ မူးယစ်ဆေးဝါး သုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါးပြသနာများကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးဝါး အန္တရာယ် ရှောင်ကြဉ်ဖွယ်နှင့် ကမ္ဘာ့ရန်သူ ဘိန်းဖြူကဗျာများ၊ ပညာပေးကာတွန်းများကို စိတ်ဝင် စားဖွယ် ထည့်သွင်းဖော်ပြထားသည်။
လက်ကမ်းစာစောင်များကို လူစည်ကားရာ မြို့မစျေး၊ ဆိုင်ကယ် Taxi ဂိတ်များနှင့် အထက ကျိုက်မရော ကျောင်းများသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အခမဲ့ လိုက်လံဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး