ကျောက်ကြီး- မုန်း ကားလမ်းချဲ့ထွင် ထပ်ပိုးလွှာခင်း လုပ်ငန်းပြီးစီးမှုအား မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကျောက်ကြီး ဇွန် ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် မုန်းဒေသ၌ ကျောက်ကြီး−မုန်း ကားလမ်းမကြီးလမ်း သား ချဲ့ထွင်ခြင်း၊ ကျောက်လွှာတင်ခြင်း၊ ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းပြီးစီးမှုအား မြို့နယ်တာဝန်ရှိသူများမှ ယမန်နေ့ နေ့လယ်(၂)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကျောက်ကြီးမြို့နယ် အုပ်ချုပ် ရေးမှူး ဦးဇော်လင်းထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ က ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း(၁၇၉.၂၅)သန်းဖြင့် တင်ဒါအောင်ထူးလင်းကုမ္ပဏီ မှ ဆောင်ရွက်နေသော မိုင်တိုင် ၃၆/၆ မှ ၃၇/၄ အထိ အရှည် (၆)ဖါလုံရှိသော လမ်းအား ၁၂ ပေမှ ၁၈ ပေ အထိ လမ်းသားချဲ့ထွင်ခြင်း၊ ၁၀ လက္မ ထုကျောက်လွှာတင်ခြင်း၊  ၃ လက္မ ထုထပ်ပိုးလွှာခင်းခြင်းစသည့် လုပ်ငန်း များ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

K ခိုင်