ရွှေသောင်ယံမြို့(Community Centre) ခန်းမ၊လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

ရွှေသောင်ယံ  ဇွန်  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊(Community Centre)ခန်းမ၊လူထုအ‌ခြေပြုဗဟိုဌာနတွင် ယနေ့နေ့လည်( ၁၂ )နာရီက စာရေးဆရာအောင်သင်းရေးသားသော " နှလုံးသားကိုလေးပေါ်တင်၍ပစ်သောအခါ "စာအုပ်ဖြင့် စာဖတ်ဝိုင်းကိုကျင်းပပြုလုပ်သည်။
စာဖတ်ဝိုင်းတွင် ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ကြည်ကြည်ခိုင် နှင့်ရွှေသောင်ယံမြို့ရှိ(Youth Club)အဖွဲ့ဝင်များ၊ (Book Club)အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြသည်။
ရှေးဦးစွာ  ဦးစီးမှူးဒေါ်ကြည်ကြည်ခိုင်မှ စာအုပ်၏ရည်ရွယ်ချက်နှင့် အနာဂတ်အတွက် အားထားနေရသောလူငယ်များအတွက် ယခုလိုတက်လမ်းစာအုပ်များကို များများဖတ်ရှုပြီး အတွေးအမြင် ဗဟုသုတများကို ဆွေးနွေးပေးစေလိုကြောင်း‌ ပြောကြားသည်။
ထို့နောက်(Youth Club၊Book Club) အဖွဲ့ဝင်တို့မှ စာအုပ်ပါအကြောင်းအရာတို့ကို ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)