သတင်းများ

ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်
Jun 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ကိုဗစ် ၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက်(၇)နာရီက သစ်ရာမြိုင်ရပ်ကွက်ဈေးရှေ့ လူစည်ကားသောနေရာတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျိုင်းတုံမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းကျင်းပ
Jun 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
ကချင်ပြည်နယ်၏ ဒေသတွင်းခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဒေသတွင်းခရီးသွားလုပ်ငန်းကော်မတီဝင်များနှင့် ညှိနှိုင်းဆွေးနွေး
Jun 23,2021
ကချင်ပြည်နယ်၏ ဒေသတွင်းခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားနိုင်ရေး ဒေသတွင်းခရီးသွားလုပ်ငန်းကော်မတီဝင်များ၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအ‌ဝေးခန်းမ၌ ကျင်းပသည်။
ဝမ်းတွင်းမြို့နယ်တွင် လုံခြုံရေးဆိုင်ရာ အစည်းအဝေးကျင်းပ
Jun 23,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် နယ်မြေဒေသလုံခြုံရေးဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်ခဲ့သည်။
ဟိုပန်မြို့၌ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုမရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကျင်းပ
Jun 23,2021
‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု မရှိစေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ‘ဝ’ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
မြင်းမူမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများကွင်းဆင်းပြုလုပ်ပေး
Jun 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဆိုင်ရာဦးစီးဌာနသည် မြင်းမူမြို့အရှေ့ပိုင်းရပ်ကွက်တွင် ယနေ့ နံနက်ပိုင်းက နိုင်ငံသား စိစစ်ရေးကတ်ပြားမရရှိသေးသည့် ဒေသခံများ နိုင်ငံသားစီစစ်ရေးကတ်ပြား လက်ဝယ် ကိုင်ဆောင်ခွင့်ရရှိစေရန်အတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခဲ့သည်။
ရှမ်းရွာသစ်မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေ
Jun 23,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၁ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက် မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများတို့က ယနေ့နံနက်(၉)နာရီအချိန်ခန့်က ဌာနဆိုင်ရာရုံးများ၊  ရှမ်းရွာသစ်မြို့အခြေခံပညာ အထက်တန်းကျောင်းနှင့် အခြေခံပညာမူလတန်း ကျောင်းရှိ ကျောင်းသား/သူများတို့အား  အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။
ကျိုင်းတုံကတ္ကသိုလ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဒုတိယပညာသင်ကာလ စာမေးပွဲ ဖြေဆိုကျင်းပ
Jun 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဒုတိယပညာသင်ကာလ တက္ကသိုလ် စာမေးပွဲကို ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ  စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။