ကျိုင်းတုံမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းကျင်းပ

ကျိုင်းတုံ    ဇွန်    ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုင်းရွှေအောင် က ဝန်ထမ်းများအနေဖြင့် စာပေဖတ်ရှုသည့်အလေ့အထကောင်းများ ရရှိလာစေရန်နှင့် လုပ်ငန်း များ ပိုမိုတိုးတက်အောင်မြင်စွာဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ ရုံးတွင်းစာဖတ်ဝိုင်းကျင်းပရ ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ဇွန်လ ၁၅ ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ်တွင်ပါရှိသည့် စာရေးဆရာ လွန်းပိုးအိမ်ရေးသားသည့် “ယနေ့လူငယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ်” ဆောင်းပါးမှ မူးယစ် ဆေးဝါး၏သမိုင်းကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်များ၊ မူးယစ်ဆေးဝါး အမျိုးမျိုးအဖုံဖုံ၊ မူးယစ်ဆေးဝါးအန္တရာယ်ကိုတိုက်ဖျက်ရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး စသည့် ခေါင်းစဉ်ပါ အချက်များအား ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ စာဖတ်ဝိုင်းအပြီးတွင် ဒေသခံပြည်သူများအား အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ရုံးရှေ့နံရံကပ်ပြဘုတ်၌ မူးယစ်ဆေးဝါးအမျိုးအစားနှင့် ဆိုးကျိုးအန္တရာယ်များ၊ မူးယစ်ဆေးဝါးသုံးစွဲမိသောအကြောင်းအရင်းများနှင့် အရက်၊ ဆေးလိပ်၊ ကွမ်းယာ သောက်စား ခြင်း၏ဆိုးကျိုးများ စသည့်အချက်များပါ အသိပညာပေး နံရံကပ်စာစောင်ကို ပြသထားရှိလျက် ရှိကြောင်းသိရသည်။

ရဲထက်ဦး(ပြန်/ဆက်)