မြစ်ကြီးနား ဇွန် ၂၃
ကချင်ပြည်နယ်၏ ဒေသတွင်းခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရေး ဒေသတွင်းခရီးသွားလုပ်ငန်းကော်မတီဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးတွင် ကချင်ပြည်နယ် ဒေသတွင်းခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က လက်ရှိကာလတွင် COVID -19 ကပ် ရောဂါဖြစ်ပွားနေသော်လည်း မိမိတို့ပြည်နယ်အနေဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အ တွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ တောတောင်စိမ့်စမ်းရေများ၊ မြစ်ဆုံ၊ အကြီးဆုံးရေချိုအိုင်ဖြစ်သည့် အင်းတော်ကြီးအိုင်နှင့်ရေခဲတောင်စသည့် သဘာဝအခြေပြု ခရီးသွား လုပ်ငန်းအတွက် အရင်းအမြစ်များပေါများကြွယ်ဝသည့်အပြင် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် နီးစပ်သော နယ်နမိတ်ထိစပ်မှုလည်းရှိနေသည့်အတွက် ခရီးသွားလုပ်ငန်းသည် အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကော်မတီဝင်များအနေဖြင့် အဓိကထား အကောင်အထည် ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် ဒေသတွင်းခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခိုင်ဝင်းက ကော်မတီဖွဲ့စည်းမှုအခြေအနေနှင့် ဥပဒေ၊ အမိန်နှင့်ညွှန်ကြားချက်များနှင့်အညီ ဟိုတယ်နှင့်တည်းခိုဆောင်စစ်ဆေးရေးနှင့် တည် ဆောက်ခွင့်လိုင်စင်များ ချထားပေးရေးတို့အတွက် စစ်ဆေးစိစစ်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ် များကိုရှင်းလင်းတင်ပြပြီး ကော်မတီအဖွဲ့ဝင်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကချင်ပြည်နယ် ဟိုတယ် လုပ်ငန်းရှင်များအသင်းနှင့် ပြည်နယ်ခရီးသွားလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူ များက ပြည်နယ် အတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဟိုတယ်နှင့် တည်းခိုခန်းများ စိစစ်ခွင့်ပြုပေးသွားမည့် လုပ်ငန်းစဉ်များနှင့် ခရီးစဉ်ဒေသ အသစ်များ တိုးချဲ့ဖော်ဆောင်သွားမည့် လုပ်ငန်းစဉ်များ၊ တရုတ်နိုင်ငံ၊ ထိန်းချုံးမြို့နှင့် ခရီးသွားခြင်းဆိုင်ရာလုပ်ငန်းများ တိုးချဲ့ဖော် ဆောင်နိုင်ရေးတို့အတွက် သက်ဆိုင်ရာကဏ္ဍ အလိုက် အသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ် ကောင်စီအတွင်းရေးမှူးမှ ဖြည့်စွက် ရှင်းလင်းတင်ပြသည်။
ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဟိုတယ်တည်ဆောက်ရေးနှင့် လိုင်စင်ချထားရေးအတွက် ဥပဒေပါအတိုင်း လိုက်နာကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ကိုဗစ်ကာလဖြစ်သည့်အတွက် ဟိုတယ်များ၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရေး စီမံဆောင်ရွက်သွားရန် လိုကြောင်းနှင့် သဘာဝအခြေပြုခရီးသွားလုပ်ငန်းများကို တိုးချဲ့ အကောင် အထည်ဖော်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး (၄/၂၀၂၁)ကို ဆက်လက်ကျင်းပရာ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဖိတ်ခေါ်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ရှိပြီး သား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အတည်ပြုမိန့်ရယူထားသည့် Myan-mar Golden Leaf Bio-Technology Co.,Ltd ၏ တိရိစ္ဆာန်အစာထုတ်လုပ်ခြင်းလုပ်ငန်း၊ ပိုးစာပင် အခြေခံအထပ်သား၊ သစ်ပါးလွှာထုတ်ခြင်းလုပ်ငန်းများ၏ အတည်ပြုမိန့်များ ပြန်လည်အပ်နှံခြင်း နှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်က ရှင်းလင်းတင်ပြပြီး ကော်မတီအတွင်းရေးမှူး ဒေါက်တာ သိမ့်သိမ့်မိုးက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နည်းဥပဒေနှင့် ၁၃၂ နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ Network Infrastructure နှင့် Backbone System (IBS)Software ဖြင့်အချက်အလက်များကို သိမ်းဆည်း၍ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နေသည့် အခြေအနေများကို Power Point ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြကြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး၊ ဥပဒေနှင့်အညီ ကြပ်မတ်ဆောင်ရွက်သွားရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။
ပြည်နယ်ပြန်/ဆက်