သတင်းများ

ဟိုပင်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Jun 23,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့တွင် ဇွန် (၂၆) ရက်တွင် ကျရောက်မည့် အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဟိုပင်မြို့ ဦးစီးမှူးဒေါ်တိုးတိုးမေနှင့် ဝန်ထမ်းများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ် ဝေသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ မွန်းလွဲ (၁)နာရီက လူစည်ကားရာ နေရာများဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်၊ လက်ဖက်ရည်ဆိုင်၊ အ.ထ.က ကျောင်း၊ ဌာနဆိုင်ရာရုံးများ၊ ကားဂိတ်များနှင့် လမ်းသွားလမ်းလာပြည်သူများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
မြိတ်မြို့တွင် ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ
Jun 23,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ ပြည်သူလူထုများအား နိုင်ငံသားတိုင်း နိုင်ငံသားအခွင့် အရေး မဆုံးရှုံးစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦး ရေစာရင်း ဆောင်ရွက်ပေးနေမှုအား သိရှိစေရန် အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့က မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ခရိုင်/ မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်း၍ ရိုက်ကူးခဲ့ကြသည်။
လေးမျက်နှာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်နှင့် နှာခေါင်းစည်းများဖြန့်ဝေ
Jun 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် အောင်မင်္ဂလာဈေးနှင့်လမ်းဆုံလမ်းခွများတွင် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း (mask)ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့​သည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jun 23,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ပြည်သူများ၊ ဌာနဆိုင်ရာများနှင့်အခြေခံပညာကျောင်းများသို့ သွားရောက်ကာ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 23,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု လျောနည်းစေရေး အတွက် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)ခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။
ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-ရောဂါကာကွယ်တားဆီးနိုင်ရေး Mask Campaign ပြုလုပ်
Jun 23,2021
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်နေ ပြည်သူများကိုဗစ် ရောဂါကာကွယ်ရေးစည်းကမ်းလမ်းညွှန်ချက်နှင့် အညီ သွားလာနေထိုင်ရန်အတွက် အသိပညာပေးနှာခေါင်းစည်းတပ်ဆင်ရေးစည်းရုံးလှုံ့ဆော်မှု Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် (၈)နာရီက ချောင်းဆုံအရှေ့ရပ်ကွက် ကမ္ဘောဇဘဏ်ရှေ့လမ်းဆုံတွင် ပြုလုပ်သည်။
ချင်းရွှေဟော်တွင် လားရှိုးမြို့မှ ပြန်လာသည့် အမျိုးသားတစ်ဦး ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ
Jun 23,2021
ချင်းရွှေဟော်မြို့၊    အမှတ်(၂)ရပ်ကွက်တွင်    နေထိုင်သည့်  အသက်(၂၃)နှစ်အရွယ်၊   အမျိုးသားတစ်ဉီးအား   လားရှိုးမြို့မှ ပြန်လည်ရောက်ရှိလာကြောင်း သိရ၍ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉​ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်ပြီး   ကျန်းမာရေးဌာနမှ ဝန်ထမ်းများက    ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ  Rapid Test Kit စနစ်ဖြင့်  စစ်ဆေးခဲ့ရာ ဇွန်လ၂၃ ရက်နေ့၊ နံနက်(၉)နာရီခွဲအချိန်  စစ်ဆေးချက်အဖြေအရ Positive  ထွက်ရှိ၍  ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 23,2021
၂၀၂၁-ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ အ.ထ.က (မြို့မ)နှင့် အ.ထ.က(ဇီးကုန်း) ကျောင်းများသို့ ယနေ့ နံနက် ၁၀ နာရီက သွားရောက် ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။