သတင်းများ

ကျောက်တံတားမြို့နယ်တွင် Stay at home ကာလအတွင်း နေအိမ်ပြင်ပသို့ မဖြစ်မနေ ကိစ္စများမှလွဲ၍ သွားလာခြင်းမပြုရန် အသိပညာပေး
Sep 28,2020
ကျောက်တံတားမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ(၂၀) ရက်နေ့ ထုတ်ပြန်ချက်အရ Stay at home ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ မဖြစ်မနေကိစ္စများမှလွဲ၍
ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် (တတိယအကြိမ်)  ထောက်ပံ့ငွေများ ပေးအပ်
Sep 28,2020
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ  မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကာလအတွင်း နိုင်ငံတော်အစိုးရမှ (တတိယအကြိမ်) ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယ‌မန်နေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ သိရသည်။
မိုင်းငေါ့မြို့ဈေး ရပ်ကွက်အတွင်းရှိ အသက်(၈၀)ကျော် သက်ကြီးဘိုးဘွားများနှင့် အခြေခံ လူတန်းစားများအား ထောက်ပံ့ငွေများပေးအပ်
Sep 28,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ဈေး ရပ်ကွက် အတွင်းရှိ အသက်(၈၀) ကျော် အသက်ကြီး ဘိုးဘွား(၈) ဦးအား လူမှုရေး ပင်စင် ခံစားခွင့် ထောက်ပံ့ ငွေများနှင့် အခြေခံ လူတန်းစား (၄၀)ဦးအား တတိယ အကြိမ် ထောက်ပံ့ငွေများ ပေးအပ် ခြင်းကို ယမန်နေ့ နံနက်(၉)နာရီ အချိန်ခန့်ကပေးအပ်ခဲ့ကြောင်းသိရသည်။
အင်တောမြို့ မြို့မဈေး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချရေးစစ်ဆေး
Sep 28,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီက အင်တောမြို့မဈေးတွင် ဈေးသည်၊ ဈေးဝယ်များ သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းဝယ်မှုရှိစေရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ်၌ ကိုဗစ်-၁၉ကာလ Stay at Home လိုက်နာကြရေး ပညာပေးခြင်းဆောင်ရွက်
Sep 28,2020
ရန်ကုန်တိုင်းဒေသကြီး၊  ဒဂုံမြို့နယ်တွင်   ပြည်သူများ   ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလ အတွင်းရောဂါထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် နေအိမ်ပြင်ပသို့သွားရောက်ကြခြင်း မပြုလုပ်ကြရန်Stay at  Homeနေထိုင်ရေးအ
စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ Save The Children အဖွဲ့မှ ရုံးသုံး ပရိဘောဂ ပစ္စည်းများ လှူဒါန်း
Sep 28,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြပွဲ၊ ပြိုင်ပွဲများ၊ ဆွေးနွေးပွဲများနှင့် သင်တန်းများ ပြုလုပ်ရာတွင် အသုံးပြုနိုင်ရန် ရုံးသုံးပရိဘောဂပစ္စည်းများအား Save The Children အဖွဲ့မှ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။  
ကျောက်ထုမြို့တွင် အသွားအလာ ကန့်သတ်ထားရှိသူများအား အစားအသောက်နှင့် အာဟာရများ  လှူဒါန်း
Sep 28,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့ ဓမ္မဗိမ္မာန်ရိပ်သာတွင် အသွားအလာ ကန့်သတ်နယ်မြေအဖြစ်ထားရှိသည့် နေရပ်ပြန်များအား ပန်းဆန် ကျေးရွာ ရွာဦး ကျောင်းဆရာတော် ဦးဝိစာရ၏ အစီအစဉ်ဖြင့် အစားအသောက်နှင့် အာဟာရများ ကို ယမန်နေ့က ၁၁ ရက်မြောက်နေ့အဖြစ် ပို့ဆောင် လှူဒါန်းကြောင်း သိရသည်။
တပ်ကုန်းမြို့၌ Online အစီအစဉ်ဖြင့် အခြေခံသိုးမွေးထိုးနည်းသင်တန်းသင်ကြား
Sep 28,2020
နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ယာယီပိတ်ထားသော်လည်း Online အစီအစဉ်ဖြင့် အပတ်စဉ် စာအုပ်များ မိတ်ဆက်ခြင်း၊ ကဗျာ၊ ပုံပြင်ပြောတင်ဆက်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ အခြေခံသိုးမွေးထိုးနည်းသင်တန်းကို Online စနစ်ဖြင့် တင်ဆက်နိုင်ရေးအတွက် စက်တင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနရှိ (Community Centre) ခန်းမတွင် သင်ကြားပေးခဲ့သည်။