ရှဒူဇွပ်ကျေးရွာ၌ ရေဘေးသင့်ပြည်သူ (၂၈၇၅) ဦးနှင့် ရေမျှောပါနေအိမ် (၂၃) လုံးတို့အတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများ လာရောက်ပေးအပ်
Sep 28,2020
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါရာဇွပ်ကျေးရွာအုပ်စု ရှဒူဇွပ်ကျေးရွာအတွင်း မိုးများ အဆက်မပြတ် ရွာသွန်းမှုနှင့်အတူ တောင်ကျရေများ ဝင်ရောက်လာမှုကြောင့် မိုးကောင်းချောင်းရေ မြင့်တက်လာပြီး လူနေအိမ်များအတွင်း ရေများဝင်ရောက်ခဲ့သဖြင့် ယာယီရွှေ့ပြောင်းထားရသည့် အိမ်ထောင်စု (၄၁၀) စု၊ ရေဘေးသင့်ပြည်သူ (၂၈၇၅) ဦးနှင့် ရေမျှောပါနေအိမ် (၂၃) လုံးတို့အတွက် မိုးညှင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေးသင့်ပြည်သူများအား အလိုတော် ပြည့်ဘုန်းကြီးကျောင်း၌ ယမန်နေ့နံနက် (၁၀) နာရီတွင် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ လာရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။