သတင်းများ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများ ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ
Jun 23,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ် နိုးသူများ အဖွဲ့ဝင်တို့ ပူးပေါင်း၍ စာပေဖတ်ရှုမှုမြှင့်မား စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဂွမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ နှာခေါင်းစည်း(Mask) နှင့်Hand Gel များ အခမဲ့ဖြန့်ဝေ
Jun 23,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ လူများဝင်ထွက်သွားလာမှုများသည့် ဌာနများနှင့် နယ်မြေခံတပ်ရင်းများအတွက် နှာခေါင်း စည်း(Mask) နှင့် HandGel များကို ယနေ့ နံနက်၁၀နာရီက အဆိုပါဌာနနှင့် တပ်ရင်းများတွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်းသိရသည်။
ရသေ့တောင်မြို့တွင် စာဖတ်ဝိုင်းကျင်းပ
Jun 23,2021
ကျောင်းသား၊ကျောင်းသူကလေးငယ်များအနေဖြင့် စာဖတ်သည့်အလေ့အထများရရှိစေပြီး တစ်ဦး နှင့်တစ်ဦးအပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရန် ရည်ရွယ်ပြီး စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် ကံဆိုသည်မှာစေတနာ စာအုပ်ဖြင့် စာဖတ်ဝိုင်းအား ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ်အပြေးပြိုင်ပွဲ ကျင်းပ
Jun 23,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ယနေ့နံနက်၈နာရီက ၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ်မီတာ(၅၀၀၀)အပြေးပြိုင်ပွဲကျင်းပသည်။
ဟိုပင်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Jun 23,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့တွင် ဇွန် (၂၆) ရက်တွင် ကျရောက်မည့် အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဟိုပင်မြို့ ဦးစီးမှူးဒေါ်တိုးတိုးမေနှင့် ဝန်ထမ်းများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ် ဝေသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ မွန်းလွဲ (၁)နာရီက လူစည်ကားရာ နေရာများဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်၊ လက်ဖက်ရည်ဆိုင်၊ အ.ထ.က ကျောင်း၊ ဌာနဆိုင်ရာရုံးများ၊ ကားဂိတ်များနှင့် လမ်းသွားလမ်းလာပြည်သူများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
မြိတ်မြို့တွင် ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ
Jun 23,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ ပြည်သူလူထုများအား နိုင်ငံသားတိုင်း နိုင်ငံသားအခွင့် အရေး မဆုံးရှုံးစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦး ရေစာရင်း ဆောင်ရွက်ပေးနေမှုအား သိရှိစေရန် အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့က မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ခရိုင်/ မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်း၍ ရိုက်ကူးခဲ့ကြသည်။
လေးမျက်နှာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်နှင့် နှာခေါင်းစည်းများဖြန့်ဝေ
Jun 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် အောင်မင်္ဂလာဈေးနှင့်လမ်းဆုံလမ်းခွများတွင် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း (mask)ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့​သည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jun 23,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ပြည်သူများ၊ ဌာနဆိုင်ရာများနှင့်အခြေခံပညာကျောင်းများသို့ သွားရောက်ကာ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။