သတင်းများ

ထွေ/အုပ်ဝန်ထမ်းများအား ရင်ထိုးတံဆိပ်တပ်ဆင်အပ်နှင်းခြင်း၊ လက်ရှိနိုင်ငံရေးအခြေအနေကို လမ်းညွှန်ချပြရှင်းလင်းခြင်းနှင့် ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများထောက်ပံ့ပေးအပ်
Jun 23,2021
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနဝန်ထမ်းများအား ရင်ထိုးတံဆိပ်တပ်ဆင်အပ်နှင်းခြင်း၊ လက်ရှိနိုင်ငံရေးအခြေအနေကို လမ်း ညွှန်ချပြသရှင်းလင်းခြင်းနှင့် ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဟိုပုံးမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ
Jun 23,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဇွန်လ(၂၆)ရက် နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ဟိုပုံး) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာနခန်းမရှိ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က-၁)တွင်အခမဲ့ဖြန့် ဝေခဲ့ကြသည်။
ဆားလင်းကြီးမြို့နယ်တွင် Covid-19 ရောဂါကာကွယ်ဆေးထိုးနှံပေး
Jun 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် Covid-19 ရောဂါကာကွယ်ဆေး တတိယအကြိမ် ပထမအသုတ်ကို ဇွန်လ ၂၃ ရက် နေ့မှ ဇွန်လ ၂၅ ရက်နေ့အထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ငွေသာခမ်းမတွင် ကာကွယ် ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
မိုင်းငေါ့မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jun 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ၂၀၂၁ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်‌ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာများ၊ မြို့မဈေး၊ မြို့တွင်း လမ်းတစ်လျှောက်ဖွင့်လှစ်ထားသော ကုန်စုံဆိုင်များ၊ ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများ ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ
Jun 23,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ် နိုးသူများ အဖွဲ့ဝင်တို့ ပူးပေါင်း၍ စာပေဖတ်ရှုမှုမြှင့်မား စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဂွမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ နှာခေါင်းစည်း(Mask) နှင့်Hand Gel များ အခမဲ့ဖြန့်ဝေ
Jun 23,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ လူများဝင်ထွက်သွားလာမှုများသည့် ဌာနများနှင့် နယ်မြေခံတပ်ရင်းများအတွက် နှာခေါင်း စည်း(Mask) နှင့် HandGel များကို ယနေ့ နံနက်၁၀နာရီက အဆိုပါဌာနနှင့် တပ်ရင်းများတွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်းသိရသည်။
ရသေ့တောင်မြို့တွင် စာဖတ်ဝိုင်းကျင်းပ
Jun 23,2021
ကျောင်းသား၊ကျောင်းသူကလေးငယ်များအနေဖြင့် စာဖတ်သည့်အလေ့အထများရရှိစေပြီး တစ်ဦး နှင့်တစ်ဦးအပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရန် ရည်ရွယ်ပြီး စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် ကံဆိုသည်မှာစေတနာ စာအုပ်ဖြင့် စာဖတ်ဝိုင်းအား ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ်အပြေးပြိုင်ပွဲ ကျင်းပ
Jun 23,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ယနေ့နံနက်၈နာရီက ၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ်မီတာ(၅၀၀၀)အပြေးပြိုင်ပွဲကျင်းပသည်။