ဝမ်းတွင်း၊ ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် နယ်မြေဒေသလုံခြုံရေးဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲဥက္ကဋ္ဌ ဦးကျော်မိုးဦးမှ လုံခြုံရေးဆိုင်ရာများ နှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြခဲ့ပြီ းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဗိုလ်မှုးတေဇာဖြိုးမှဆွေးနွေးရာတွင် တစ်နိုင်ငံလုံးအနေဖြင့်အကြမ်းဖက်လှုပ်ရှားမှုအဖွဲ့များရဲ့ အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကာ လုံခြုံရေးဆိုင်ရာများနှင့်ပတ်သက်၍အကြံပြုခဲ့ပြီးကိုဗစ်-၁၉ရောဂါကူးစက်ပျံ့ပွားမှုမရှိစေရေးကူညီဆောင်ရွက်ကြရန်ဆွေးနွေးခဲ့သည်။
ထို့နောက်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမြင့်မောင်မှ မြို့ နယ်အတွင်းပြည်သူများအေးချမ်းစွာနေထိုင်ရေး၊ လုံခြုံရေး ကိစ္စများ အတွက်ရဲနှင့်ပြည်သူပူးပေါင်း ဆောင်ရွက်ပြီး၊အကြမ်းဖက်အဖွဲ့အစည်းများ၏ သတင်းများကို အချိန်နှင့် တစ်ပြေးညီသတင်းပေးပို့ရန်လိုအပ်ပါကြောင်းဆွေးနွေးခဲ့သည်။
အဆိုပါလုံခြုံရေးဆိုင်ရာအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ ဝင်များ၊မြို့နယ် အဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြပြီးတက်ရောက်လာသူများမှတင်ပြဆွေးနွေး ချက်များ အပေါ်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့မှ လိုအပ်သည်များအပေါ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။