မြင်းမူမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများကွင်းဆင်းပြုလုပ်ပေး

မြင်းမူ ဇွန် ၂၃

         

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဆိုင်ရာဦးစီးဌာနသည်    မြင်းမူမြို့အရှေ့ပိုင်းရပ်ကွက်တွင်   ယနေ့ နံနက်ပိုင်းက နိုင်ငံသား စိစစ်ရေးကတ်ပြားမရရှိသေးသည့် ဒေသခံများ   နိုင်ငံသားစီစစ်ရေးကတ်ပြား  လက်ဝယ် ကိုင်ဆောင်ခွင့်ရရှိစေရန်အတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခဲ့သည်။

 

 

ရှေးဦးစွာ      မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ        မြို့နယ်ဦးစီးမှူး ဦးထင်လတ် က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား များ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရန်အတွက်  ပါရှိရမည့် အထောက် အထားများ၊   နိုင်ငံသားစိစစ်ရေးကတ်ပြား အသုံးဝင်မှု/အရေးကြီးမှုနှင့် ပျက်စီး/ပျောက်ဆုံးမှု မရှိစေရေးအတွက်  စနစ်တကျကိုင်တွယ် သိမ်းဆည်းရေးတို့နှင့်ပါတ်သက်၍ အသိပညာပေး ပြောကြားခဲ့သည်။

         

 

ယခုကွင်းဆင်း ပြုလုပ်ပေးရာတွင် အသက်(၁၀)နှစ်ပြည့်၊အသက်(၁၆)နှစ်နှင့်(၁၈)နှစ်ကြား နှင့် အသက်(၁၈)နှစ်အထက် နိုင်ငံသားစီစစ်စစ်ရေး ကတ်ပြား လုံးဝမရှိသေးသူများအား ပြုလုပ်ပေးခြင်းဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များအပါအဝင် ကျေးရွာအသီးသီးသို့လည်း  ကွင်းဆင်း ဆောင် ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။

 

                                                                                 

အောင်စိုးဖေ(မြင်းမူ)