ကျွန်းလှ ဇွန် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ကိုဗစ် ၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက်(၇)နာရီက သစ်ရာမြိုင်ရပ်ကွက်ဈေးရှေ့ လူစည်ကားသောနေရာတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ပြုလုပ်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် နေအိမ်ပြင်ပသွားလာသူများ၊ ခရီးသွား ပြည်သူများ၊ ဈေးရောင်းဈေးဝယ်သူများ၊ ကျောင်းသား ကျောင်းသူ များအား နှာခေါင်းစည်း (Mask) ၈၅၀ ခုကို အခမဲ့ဖြန့်ဝေပေးပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်နှင့်အညီ သွားလာ နေထိုင် ကြရန်အသိပညာပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့်အဖွဲ့ဝင်များ၊အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ၊ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြိုနယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း ဆောင်ရွက်ကြောင်းသိရသည်။
မျိုးဝင်းညို (ကျွန်းလှ)