သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့တွင် မိုးစပါးရက် (၉၀) စမ်းသပ် စိုက်ကွက် အား ရိတ်သိမ်း
Sep 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မြို့မနည်းပညာ ပေးစင်တာနယ်မြေ အတွင်းရှိ တောင်သူ ဦးသန်းမောင်၏ စိုက်ခင်းအတွင်း စိုက်ပျိုးထားရှိသော မိုးစပါးရက် (၉၀) စမ်းသပ် စိုက်ကွက်အား ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့က စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်အတွင်းရှိ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော ပရဟိတအသင်းများအား PPE ဝတ်စုံများ ထောက်ပံ့ပေးအပ်
Sep 28,2020
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မဟာအောင်မြေမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် လူနာများကုသနိုင်ရေး ဆေးရုံသို့ပို့ဆောင်ရေး လုပ်ငန်း များတွင် တာဝန်ယူဆောင်ရွက်နေသော မဟာအောင်မြေမြို့နယ် ပရဟိတညီနောင်များ ကွန်ယက်မှ အသင်းများအား PPE ဝတ်စုံများ လှူဒါန်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက မဟာအောင်မြေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ခဲ့ကြောင်း သိရသည်။
တမူးခရိုင်၊ မြို့သစ်မြို့၌ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေး
Sep 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက်  မြို့သစ်မြို့၊ စည်ပင်သာယာနယ်နိမိတ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချမှုမရှိစေရေးနှင့် ပါဆယ် (Take-away)စနစ်ဖြင့်သာ ရောင်းချသွားရန် ယမန်နေ့က ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် အစားအသောက်ရောင်းချသည့် ဆိုင်များအားလုံး ပါဆယ်စနစ်ဖြင့် ရောင်းချရေးဆောင်ရွက်
Sep 28,2020
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ဘီယာဆိုင်များ၊ အရက် ဆိုင်များ၊ လက်ဘက်ရည်ဆိုင်များစသည့် အစားအသောက်ရောင်းချသည့် ဆိုင်များအားလုံးကို ပါဆယ်စနစ်ဖြင့်ရောင်းချရန် မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ညွှန်ကြားထားကြောင်း သိရသည်။
ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့များတွင် ကိုဗစ်-၁၉ ရောဂါအကြောင်း ပညာပေးခြင်းနှင့် Mask Campaign ဆောင်ရွက်
Sep 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုအရ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ခန္တီးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးကော်မီနှင့် မီးသတ်ဦးစီးဌာန စသည့် ဌာနဆိုင်ရာများနှင့် ခရိုင်ကြက်ခြေနီနှင့် ခရိုင်လူငယ်ရေးရာကော်မတီ စသည့် အရပ်ဖက်လူမှုအဖွဲ့အစည်းများပူးပေါင်း၍ ဇီးဖြူကုန်းရပ်ကွက် ပျံကျဈေး၌ ကိုဗစ်-၁၉ ရောအကြောင်း ပညာပေးခြင်း ၊ ဈေးသည်များနှင့် ဈေးဝယ်များ လိုက်နာရမည့် စည်းကမ်းများ ရှင်းလင်းခြင်း ၊ Mask အခမဲ့ ဖြန့်ဝေခြင်းနှင့် ခန္တီး မြို့ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ထားသော (Community Based Facility Quarantine) နေရာများမှ ထွက်ရှိသော  အမှိုက်များကို စနစ်တကျ သိမ်းစည်းမီးရှို့ခြင်း ၊ ဆေးဖြန်းခြင်းနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မဲရုံမှူးများ ဒုတိယမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များ ခန့်အပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး
Sep 28,2020
၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် အဓိကတာဝန်ယူ ဆောင်ရွက်ရမည့် မဲရုံမှူးများ၊ ဒုတိယမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များ ခန့်အပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက မင်းတပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။
ပန်ဆိုင်း(ကြူကုတ်)မြို့၊ တော်ဆိုင်ကျေးရွာ၌ မိုးစပါးစံကွက်များ စတင်ရိတ်သိမ်း
Sep 28,2020
မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ တော်ဆိုင်ကျေးရွာ၌ ကျေးရွာကိုယ်စားပြု မိုးစပါးစံကွက်များ စတင်ရိတ်သိမ်းခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်ခန့်က တောင်သူဦးအိုက်မန်၏ လယ်ယာတွင် ခရိုင်လယ်စီ/စာရင်းအင်းဦးစီးဌာန၊ မြို့စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်း၍ မိုးစပါးစံကွက်များရိတ်သိမ်းခြင်း ဆောင်ရွက်ခဲ့သည်။