သတင်းများ

ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုခြင်းနှင့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲ ကျင်းပ
Jun 23,2021
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အမေရိကန်နိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုခြင်းနှင့် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၄၂)၊ ကမ်းနားလမ်းရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ရန်ကုန်ရုံးခွဲ(၃ လွှာ)သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အမေရိကန်နိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုခြင်းနှင့် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၄၂)၊ ကမ်းနားလမ်းရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ရန်ကုန်ရုံးခွဲ(၃ လွှာ)သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အမေရိကန်နိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုခြင်းနှင့် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၄၂)၊ ကမ်းနားလမ်းရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ရန်ကုန်ရုံးခွဲ(၃ လွှာ)သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
ဟုမ္မလင်းမြို့၌ Mask Campaign ပြုလုပ်ဆောင်ရွက်
Jun 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့၌ ဌာနဆိုင်ရာများမှ Mask Capaign အသိ ပညာပေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ဟုမ္မလင်းမြို့ ၊ကမ်းနားလမ်းဆုံ၊ မြို့မစျေး​​​ရှေ့ တို့၌ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
ပြင်ဦးလွင်မြို့ရှိ ခရိုင်အားကစားကွင်းအတွင်း၌ စောင့်ကြည့်လူနာများထားရှိရန် နေရာများ ကြိုတင်ပြင်ဆင် ဆောင်ရွက်
Jun 23,2021
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ( ကိုဗစ် - ၁၉ ) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင် ကာကွယ်ရေးအတွက် သံသယလူနာများ ရှိလာပါက အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့် ဆောင်ရွက်နိုင်ရန် ၂၀၂၁ - ခုနှစ် ၊ ဇွန် ( ၂၂ ) ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ၊ ခရိုင်အားကစားကွင်းအတွင်း၌ တာဝန်ရှိသူများနှင့် လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းကာ ကြိုတင်စီမံပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
ယင်းမာပင်မြို့နယ်အတွင်း စာသင်ကျောင်းများဖွင့်လှစ်ထားရှိမှုအခြေအနေများနှင့် ပန်းခင်းစီမံချက် အရ မှတ်ပုံတင်ပြုလုပ်နေမှုများအား ကွင်းဆင်းစစ်ဆေး
Jun 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ၊ ယင်းမာပင်မြို့နယ်အတွင်း စာသင်ကျောင်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေများနှင့်ပန်းခင်းစီမံချက်အရ မှတ်ပုံတင်ပြုလုပ်နေမှုများကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ယင်းမာပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမန်ကိုဟောနှင့် အဖွဲ့ဝင် များက ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့ကြကြောင်းသိရသည်။
မြစ်သားမြို့နယ်တွင် ကျေးရွာအဆင့် ခေါင်းဆောင်မှုဆင့်ပွားသင်တန်း ဖွင့်လှစ်
Jun 23,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကျေးရွာအဆင့် ခေါင်းဆောင်မှုဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီခွဲက မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 
ဇေယျာသီရိမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 23,2021
ပြည်ထောင်စုနယ်မြေ ၊ ‌နေပြည်တော် ၊ ဥတ္တရခရိုင် ၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက  ၂၀၂၁ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့်  အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ဌာနဆိုင်ရာများ နှင့် ကျောင်းသား/ ကျောင်းသူ များထံသို့ လက်ဝယ် အရောက်ဖြန့်ဝေပေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား (၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပ
Jun 23,2021
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား (၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်က ပဲခူးမြို့ ဟံသာဝတီ ယူနိုက်တက်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။