သတင်းများ

တံတားဦးမြို့နယ်တွင် အစားအသောက်ရောင်းချသည့် ဆိုင်များအားလုံး ပါဆယ်စနစ်ဖြင့် ရောင်းချရေးဆောင်ရွက်
Sep 28,2020
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ဘီယာဆိုင်များ၊ အရက် ဆိုင်များ၊ လက်ဘက်ရည်ဆိုင်များစသည့် အစားအသောက်ရောင်းချသည့် ဆိုင်များအားလုံးကို ပါဆယ်စနစ်ဖြင့်ရောင်းချရန် မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ညွှန်ကြားထားကြောင်း သိရသည်။
ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့များတွင် ကိုဗစ်-၁၉ ရောဂါအကြောင်း ပညာပေးခြင်းနှင့် Mask Campaign ဆောင်ရွက်
Sep 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုအရ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ခန္တီးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးကော်မီနှင့် မီးသတ်ဦးစီးဌာန စသည့် ဌာနဆိုင်ရာများနှင့် ခရိုင်ကြက်ခြေနီနှင့် ခရိုင်လူငယ်ရေးရာကော်မတီ စသည့် အရပ်ဖက်လူမှုအဖွဲ့အစည်းများပူးပေါင်း၍ ဇီးဖြူကုန်းရပ်ကွက် ပျံကျဈေး၌ ကိုဗစ်-၁၉ ရောအကြောင်း ပညာပေးခြင်း ၊ ဈေးသည်များနှင့် ဈေးဝယ်များ လိုက်နာရမည့် စည်းကမ်းများ ရှင်းလင်းခြင်း ၊ Mask အခမဲ့ ဖြန့်ဝေခြင်းနှင့် ခန္တီး မြို့ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ထားသော (Community Based Facility Quarantine) နေရာများမှ ထွက်ရှိသော  အမှိုက်များကို စနစ်တကျ သိမ်းစည်းမီးရှို့ခြင်း ၊ ဆေးဖြန်းခြင်းနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မဲရုံမှူးများ ဒုတိယမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များ ခန့်အပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး
Sep 28,2020
၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် အဓိကတာဝန်ယူ ဆောင်ရွက်ရမည့် မဲရုံမှူးများ၊ ဒုတိယမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များ ခန့်အပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက မင်းတပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။
ပန်ဆိုင်း(ကြူကုတ်)မြို့၊ တော်ဆိုင်ကျေးရွာ၌ မိုးစပါးစံကွက်များ စတင်ရိတ်သိမ်း
Sep 28,2020
မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ တော်ဆိုင်ကျေးရွာ၌ ကျေးရွာကိုယ်စားပြု မိုးစပါးစံကွက်များ စတင်ရိတ်သိမ်းခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်ခန့်က တောင်သူဦးအိုက်မန်၏ လယ်ယာတွင် ခရိုင်လယ်စီ/စာရင်းအင်းဦးစီးဌာန၊ မြို့စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်း၍ မိုးစပါးစံကွက်များရိတ်သိမ်းခြင်း ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Sep 28,2020
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်သည် ရန်ကုန်တောင်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်တွင် သန်လျင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။
ပန်ဆိုင်း(ကြူကုတ်)မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စားသောက်ဆိုင်တွင် ပါဆယ်စနစ်ဖြင့် ရောင်းချရန် အသိပေးခြင်းများ ဆောင်ရွက်
Sep 28,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီ၏ ညွှန်ကြားချက်အရ ပန်ဆိုင်း(ကြူကုတ်)မြို့၊ ပြည်သူလူထုများ၊ စားသောက်ဆိုင်များနှင့် ဈေးဆိုင်များအနေဖြင့် ပါဆယ်စနစ်ဖြင့် ရောင်းချရန်နှင့် စနစ်တကျ လိုက်နာဆောင်ရွက်နိုင်ရေးတို့အတွက် မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇာနည်၊ မြို့စည်ပင်သာယာရေးဌာနမှ ဦးစီးအရာရှိ ဦးနေမျိုးအောင်နှင့် ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စက်တင်ဘာ ၂၆ နေ့လယ် (၁) နာရီ အချိန်ခန့်က လှည့်လည်အသိပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ဒေါပုံမြို့နယ် အ.ထ.က(၁)ကျောင်း၌ ဖွင့်လှစ်ထားရှိသည့် Quarantine Center သို့ PPE ဝတ်စုံများနှင့် Mask များလာရောက်လှူဒါန်း
Sep 28,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ လမုတန်းရပ်ကွက်ရှိ အ.ထ.က(၁)ကျောင်း၌ ဖွင့်လှစ် ထားရှိသော Quarantine Center သို့ ယမန်နေ့ နံနက် (၁၁) နာရီက PPE ဝတ်စုံများ နှင့်Mask များ လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။