ရှမ်းရွာသစ် ဇွန် ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၁ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက် မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများတို့က ယနေ့နံနက်(၉)နာရီအချိန်ခန့်က ဌာနဆိုင်ရာရုံးများ၊ ရှမ်းရွာသစ်မြို့အခြေခံပညာ အထက်တန်းကျောင်းနှင့် အခြေခံပညာမူလတန်း ကျောင်းရှိ ကျောင်းသား/သူများတို့အား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။
အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းအရင်းများ၊ မူး ယစ်ဆေးဝါးပြဿနာကိုဖြေရှင်းခြင်းများ၊ မူးယစ်ဆေးအန္တရာယ်ရှောင်ကြဉ်ဖွယ်ရာများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေး လုပ်ငန်းများအကြောင်း၊ မူးယစ်ဆေး စွဲသူဖေးမကူ အသိပညာပေးစာစောင်များ၊ မုံရွာဝင်းဖေ ရေးသားသော မူးယစ်ဆေးဝါးအန္တရာယ်ပညာပေး "ကမ္ဘာ့ရန်သူဘိန်းဖြူ" ကဗျာ၊ကာတွန်း၊ ဆောင်ပုဒ်များ ပါဝင်ကြောင်း သိရှိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)