ကျိုင်းတုံ ဇွန် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဒုတိယပညာသင်ကာလ တက္ကသိုလ် စာမေးပွဲကို ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တက္ကသိုလ်စာမေးပွဲတွင် စတုတ္တနှစ် ၃၅ ဦး၊ ဒုတိယနှစ်ဂုဏ်ထူးတန်း ၂၃ ဦး၊ တတိယနှစ် ဂုဏ်ထူးတန်း ၇ ဦး၊ မဟာအရည်အချင်းစစ်သင်တန်း ၂ ဦး၊ မဟာတန်း(ပထမနှစ်) ၁၃ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၈၀ ဦး ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ တက္ကသိုလ်စာမေးပွဲဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါစာမေးပွဲအား ဇွန်လ ၂၂ ရက်မှ ၂၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်