သတင်းများ

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့် လိပ်သိုမြို့ရှိ ဘာသာရေးကျောင်းများအား ထောက်ပံ့ငွေများပေးအပ်လှူဒါန်း
Sep 28,2020
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ စိန်ဒေါမိနစ်ကျောင်းတိုက်၊ စိန်ဖရန့် စစ်ဆေးလ်ဗီယာ သီလရှင်ကျောင်းနှင့် သံမိုးတောင်ကျေးရွာ ကတ်သလစ်ဘုန်းကြီးကျောင်းတိုက်တို့အား ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်ပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။
ကသာခရိုင် ထီးချိုင့်မြို့နယ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း Cash For Work စီမံကိန်း လုပ်ငန်းများရာနှုန်းပြည့်ပြီးစီး
Sep 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း Cash For Work စီမံကိန်းကျေးရွာ ( ၆ ) ရွာတွင်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိခဲ့ကြောင်းသိရပါသည်။
(၅၆)နှစ်မြောက်  မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပေါက်ခေါင်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များ  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Sep 28,2020
(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စက်တင်ဘာလ (၂၇) ရက်  နံနက်(၈)နာရီကပေါက်ခေါင်းမြို့ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ပေါက်ခေါင်းမြို့နယ် ရဲတပ်ဖွဲ့ ဝင်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်၊၊
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပုံးများရောက်ရှိ
Sep 28,2020
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအတွက် ဆန္ဒမဲပုံး (၉၈၇) ပုံးရောက် ရှိပြီဖြစ်ကာ အဆိုပါ ဆန္ဒမဲပုံးများကို ရပ်ကွက်/ကျေးရွာများရှိ မဲရုံများသို့ ခွဲဝေ ဆောင်ရွက် နိုင်ရေး စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် အသက် (၈၀)နှစ်နှင့် (၈၅)နှစ်အတွင်း အဘိုးအဘွားများအား ကိုဗစ်- ၁၉ ကာလ ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်
Sep 28,2020
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ်အရ ၂၀၂၀ပြည့်နှစ် စက်တင်ဘလာ (၃၀)ရက်နေ့တွင် အသက်(၈၀)နှစ်ပြည့်နှင့် (၈၅)နှစ်အတွင်း အဘိုးအဘွားများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို မဟာအောင်မြေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယမန်နေ့နံနက် (၉)နာရီက ရပ်ကွက်အုပ်ချုပ် ရေးမှူးများအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ခန္တီးမြို့နယ် ကျေးရွာနှစ်ရွာတွင် ဘုန်းတော်ကြီးကျောင်း ဆောက်လုပ်ရန် ငွေကျပ်သိန်း(၃၄၀)လှူဒါန်း ထောက်ပံ့
Sep 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်းရှိ မှန်ပင်ကျေးရွာနှင့် ပင်လုံကျေးရွာတွင် (၆၀'၊ ၃၀'၊ ၁၂') RC(၂) ထပ်ဘုန်းတော်ကြီး ကျောင်းဆောက်လုပ်ရန်အတွက် တစ်ကျောင်းလျှင် သိန်း(၁၇၀)နှုန်းဖြင့် ကျောင်း(၂)ကျောင်းအတွက် သိန်း(၃၄၀)ကို နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးရဲမင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ရဲမင်းဇော် နှင့် ခရိုင်သာသနာရေးဦးစီးမှူး ဦးအောင်စံသူတို့က စက်တင်ဘာလ (၂၅)ရက်နေ့တွင် မှန်ပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးသီရိ ထံသို့ လည်းကောင်း၊ စက်တင်ဘာလ(၂၆)ရက်နေ့တွင် ပင်လုံကျေးရွာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာ ထံသို့ လည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဇလွန်မြို့နယ် အတွင်းရှိ (Cash For Work) စီမံကိန်းဖြင့် ဆောင်ရွက်သော လုပ်ငန်းများရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး
Sep 28,2020
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ ဆောင်ရွက်သည့် Cash For Work စီမံကိန်း (၁၂) ရွာနှင့် (VRFP) ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (၂) ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။
ထန်းတပင်၌ မြို့ဝင်၊ မြို့ထွက်အသွားအလာများစစ်ဆေးဆောင်ရွက်နေ
Sep 28,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် မြို့တွင်း မှပြင်ပသို့ ထွက်ခွာသွားလာသူများအား အသွားအလာများ စိစစ်ကာ စစ်ဆေးဆောင်ရွက်ခြင်းများကို စက်တင်ဘာလ (၂၇)ရက်နေ့၊ နံနက်ပိုင်းက မြို့နယ်တာဝန်ရှိသူများက ထန်းတပင်မြို့ဝင်တိုးဂိတ်တွင် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။