ထန်းတပင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကျင်းပ
Sep 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်း သား/ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာပေဗဟုသုတများတိုးပွားလာပြီး ဆွေးနွေးပွဲများတွင်ပါဝင်ဆွေးနွေးတက်သည့် အလေ့အထကောင်းများရရှိသည့်အပြင် လူငယ်အချင်းချင်း ချစ်ခင်ရင်းနှီးမှုများရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို စက် တင်ဘာလ(၅)ရက်နေ့၊ မွန်းလွဲပိုင်းက ရိုးခွကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။