သတင်းများ

စေတုတ္တရာမြို့ အလယ်ပုံအုပ်စု၌ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းဆောင်ရွက်
Sep 09,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့ အလယ်ပုံအုပ်စု၌ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းကို အလယ်ပုံအုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန (Community Centre) ခန်းမတွင် ကဗျာရွတ်ဆိုပြိုင်ပွဲပြုလုပ်
Sep 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန (Community Centre) ခန်းမတွင် စက်တင်ဘာ ၇ ရက်နေ့ နေ့လယ်(၁၂)နာရီအချိန်တွင် ကဗျာရွတ်ဆိုပြိုင်ပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်အတွင်းရှိ ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး
Sep 09,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် လွယ်ကူစွာ ဆန္ဒမဲပေးတတ်စေရန် ရည်ရွယ်ကာ အသိပညာပေးခြင်းများ၊ လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများကို အရှိန် အဟုန်မြှင့်တင်‌ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၉ နာရီခွဲက မြို့ဝန်ကုန်းကျေးရွာ ဓမ္မာရုံ၌  ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဝင် ဦးမင်းဦး မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် စက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲ တက်ရောက်
Sep 09,2025
နေပြည်တော်ကောင်စီ၏ ခွင့်ပြုရန်ပုံငွေဖြင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်း စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ စက်ရုံကျေးရွာ၊ လူထုခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ နေပြည်တော် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်မိ ရပ်ဖများ၊ သင်တန်းသူများ တက်ရောက်ကြသည်။
ကန်ကြီးထောင့်မြို့နယ်၌ မော်‌တော်ယာဉ်များ စစ်‌ဆေးခြင်းအား စဉ်ဆက်မပျက်ဆောင်ရွက်လျက်ရှိ
Sep 09,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများ အေးချမ်းသာယာလုံခြုံမှုရှိစေရေးနှင့် လိုင်စင်မဲ့မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ Ambulance ယာဉ်များ၊ သာသနာနံပါတ်တပ် မော်တော်ယာဉ်များ၊ ယာဉ်နံပတ်အတုတပ်သုံးစွဲနေမှုများ မရှိစေရေးအတွက် နယ်မြေလုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာတို့မှပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကန်ကြီးထောင့်မြို့အဝင်၊ ကန်ကြီးထောင့်-မာလာကုန်း လမ်းဆုံတွင် လိုင်စင်မဲ့မော်‌တော်ယဉ်များစစ်‌ဆေးခြင်းနှင့် ယာဥ်စည်းကမ်းလမ်းစည်းကမ်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ချမ်းအေးသာစံမြို့နယ် အမှတ်(၇)အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 09,2025
ကျောင်းသားလူငယ်များ ဗလငါးတန်ပြည့်စုံစေရန်အတွက် ရည်ရွယ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၇) အခြေခံ ပညာအလယ်တန်းကျောင်းတွင်  စက်တင်ဘာ ၉ ရက်နံနက် ၉ နာရီခွဲတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
မြစ်သားမြို့နယ် ကူမဲမြို့တွင် မြန်မာအီလက်ထရောနစ် (MEVM)မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းဆက်လက် သရုပ်ပြသ
Sep 09,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒ‌မဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရော နစ်မဲပေးစက်ဖြင့် လွယ်ကူစွာ ဆန္ဒမဲပေးတတ်စေရန်ရည်ရွယ်၍ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှုသရုပ်ပြသခြင်းကို စက်တင်ဘာ ၉ ရက် မွန်းလွဲ ၁ နာရီက  ကူမဲမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ပြုလုပ်ခဲ့သည်။
မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စကားပုံဆက်ပြိုင်ပွဲ ပြုလုပ်
Sep 09,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (community centre) ခန်းမတွင်​ ယနေ့မွန်းလွဲ ၁ နာရီက စကားပုံဆက်ပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။