သတင်းများ

လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင် စာရေးဆရာမောင်အောင်၏ စာအုပ်မိတ်ဆက်ပွဲနှင့် စာအုပ်လှူဒါန်းပွဲကျင်းပ
Jul 12,2026
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၊ Community Centre ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က စာရေးဆရာ ဒေါက်တာ မောင်အောင်၏ စာအုပ်မိတ်ဆက်ပွဲနှင့် စာအုပ်လှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။      
တံတားမြို့၊ ဝိဇ္ဇာဓမ္မသာသနာ့ဗိမာန်တော်၌ “မြို့ရွာဖွံ့ဖြိုးတိုးတက်ရေး”ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပ
Jul 12,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသော တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ရပ်ကွက်‌နေပြည်သူများနှင့်ပူးပေါင်း၍  ပြည်သူ့ စကားဝိုင်း (Public Talk) အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက တံတားမြို့၊  ဝိဇ္ဇာဓမ္မသာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
မြို့သစ်မြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ထုတ်ပေးခြင်းကွင်းဆင်းဆောင်ရွက်
Jul 12,2026
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးခရိုင် မြို့သစ်မြို့နယ်ဦးစီးဌာနရုံးအနေဖြင့် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များထုတ်ပေးခြင်းကို ဇူလိုင်(၁၁)ရက်က မြို့သစ်မြို့နယ် ဂွေးကုန်းကျေးရွာအုပ်စု ဂွေးကုန်းအရှေ့ကျေးရွာ မိုးကုတ်ဝိပဿနာစည်ပင်သာယာဘုန်းကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်သည်။
မင်းကင်းမြို့ အခြေခံပညာအထက်တန်းကျောင်းဝန်းရှိ ‌မြေလတ်၊ မြေလပ်နေရာများ၌ ဖီးကြမ်းငှက်ပျောပင် စိုက်ပျိုးပွဲကျင်းပ
Jul 12,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်ဝစေရန်နှင့် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန်ရည်ရွယ်၍ နေ့စဉ်ငှက်ပျောသီးကျွေးမွေးနိုင်ရန်အတွက် အ‌ခြေခံပညာအထက်တန်းကျောင်းဝန်းရှိ မြေလွတ်၊ မြေလပ်နေရာများ၌ ငှက်ပျောပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီဝအချိန်တွင် ကျင်းပြုလုပ်ခဲ့ကြသည်။
အစိုးရနည်းပညာအထက်တန်းကျောင်း(ဟင်္သာတ)၌ ပဉ္စမအကြိမ်မြောက် အောင်လက်မှတ်ပေးအပ်ပွဲကျင်းပ
Jul 12,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တာငါးဆယ်တောင်ရပ်ကွက်ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်း(ဟင်္သာတ)၌ ပဉ္စမအကြိမ်မြောက် အောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမတွင်ပြုလုပ်ခဲ့သည်။
မိုင်းပျဉ်းမြို့ အထကကျောင်း၌ လမင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ဒုတိယအကြိမ် ကွင်းဆင်းဆောင်ရွက်
Jul 12,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ဒုတိယအကြိမ်ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၁ ရက် မွန်းလွဲပိုင်းက အဆိုပါကျောင်း စာသင်ခန်း၌ ဆောင်ရွက်သည်။
မြောင်းမြတွင် မိုးရွာသွန်းမှုကြောင့် လမ်းဘေးသစ်ပင်လဲကျနေမှုများအား ရှင်းလင်းဆောင်ရွက်
Jul 12,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ တဇင်ကုန်းကြီးကျေးရွာအုပ်စု၊ ဘုရားငုတ္တိုကျေးရွာ၊ မြောင်းမြ-ပြင်ရွာကားလမ်းဘေး၌ လုံးပတ် ၁ ပေ ပတ်လည်ခန့်၊ အမြင့် ၁၅ ပေခန့်ရှိသော စိန်ပန်းပင်သည် မိုးတွင်းကာလ၌  မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုများကြောင့် မြေပျော့ကာ သစ်ပင်လဲကျနေလျက်ရှိရာ ယနေ့နံနက် (၆) နာရီက လမ်းဘေးသစ်ပင်လဲကျ​နေမှုများကို မြောင်းမြမြို့နယ်မီးသတ်ဦးစီးဌာနမှ ရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကြံခင်းမြို့ရှိ အောက်ဆီဂျင်စက်ရုံအား ပြန်လည်လည်ပတ်နိုင်ရေး လွှဲပြောင်းပေးအပ်
Jul 12,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ ယမနေ့မွန်းလွှဲပိုင်းက အောက်ဆီဂျင်စက်ရုံ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပသည်။