သတင်းများ

မော်လမြိုင်ကျွန်းမြို့နယ်၌ ရေဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း လက်တွေ့သရုပ်ပြကျင်းပ
Jul 12,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် အမှတ် (၆) ရပ်ကွက်၊ စိန်ပန်းပတ်လမ်းရှိ သမ္မာသမ္ဗုဒ္ဓမြို့ဦးစေတီတော်ဝန်းအတွင်း၌ ရေဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း လက်တွေ့သရုပ်ပြကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးကောင်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေး
Jul 12,2026
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံစေရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၁၁ ရက် နံနက် ၆ နာရီက မိုးကောင်းမြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ရေးမြို့နယ်၌ သဘာဝဘေးအန္တရာယ် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ကြိုတင်စုဖွဲ့ ဇာတ်တိုက်လေ့ကျင့်
Jul 12,2026
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး၊ ထိခိုက်ပျက်စီးဆုံးရှုံးမှုလျော့နည်းစေရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လျင်မြန်စွာဆောင်ရွက်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး(လူ၊ပစ္စည်း၊ယန္တရား)ကြိုတင်စုဖွဲ့ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဘောလုံးကွင်း၌ ဆောင်ရွက်သည်။
မဟာ‌အောင်မြေမြို့နယ်၌ ပြည်သူ့စကားဝိုင်း (Public Talk) အခမ်းအနားကျင်းပ
Jul 12,2026
နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒီမိုကရေစီစနစ်၏ အင်္ဂါရပ်များနှင့်အညီ အများပြည်သူနှင့် အစိုးရတာဝန်ရှိသူများအကြား ဆွေးနွေးတိုင်ပင်ရမည့် အကြောင်းကိစ္စများကို ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများအား ဖော်ဆောင်ပေးရန်၊ မိမိရပ်ရွာဒေသတွင် ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို အများပြည်သူကြားတွင် ဆွေးနွေးမှုများရှိလာစေရန်နှင့် ပြည်သူလူထု၏ စဥ်းစားတွေးခေါ်မှုများ မြင့်မားလာစေပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်ကာ ပြည်သူ့စကားဝိုင်း (Public Talk) အခမ်းအနားကို မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်ရှိ အောင်စံရန်အေးဓမ္မာရုံအတွင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
တာလေမြို့တွင် ၂၀၂၆ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပ
Jul 12,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့တွင် ၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားအား မိုင်းလင်း(အရှေ့)ကျေးရွာအုပ်စုရှိ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းနှင့် ရွှေသတ္တုအလတ်စားထုတ်လုပ်မှုလုပ်ငန်း သဘောတူစာချုပ် ချုပ်ဆိုထားသော စံပါရမီကုမ္ပဏီ(SELCL-6A,7A)လုပ်ကွက်(၂)၏ စွန့်ပစ် မြေစာပုံပေါ်၌ ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
တမူးမြို့၌ ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးရေး အာဟာရ ဖြည့်စွက်စာအဖြစ် ငှက်ပျောသီး ကျွေးမွေးနိုင်စေရေးအတွက် ရည်ရွယ်၍ ဒုတိယအကြိမ်မြောက် ငှက်ပျောပင် စိုက်ပျိုးပွဲကျင်းပ
Jul 12,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ မြို့မရပ်ကွက်၊ အမှတ်(၁၂/ခ)အခြေခံပညာ မူလတန်းကျောင်းဝန်း၌ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်နေကြသည့် မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးရေး အာဟာရ ဖြည့်စွက်စာအဖြစ် ငှက်ပျောသီး ကျွေးမွေးနိုင်စေရေးအတွက်ရည်ရွယ်၍ ဒုတိယအကြိမ်မြောက် ငှက်ပျောပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘီးလင်းမြစ်ရေကြီးမှုကြောင့် ရေဘေးကယ်ဆယ်ရေး စခန်း(၉)ခု ဖွင့်လှစ်၊ အိမ်ထောင်စု (၄၂၇) စု လူဦးရေ (၁၆၂၆) ဦးတို့အား ပြောင်းရွှေ့နေရာချထား
Jul 12,2026
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး  ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့်  ရပ်ကွက်/ကျေးရွာ မြေနိမ့်ပိုင်းနေရာရှိ နေအိမ်များ၌ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ရာ ရေဘေးသင့်ပြည်သူများအား ရေဘေးကယ်ဆယ်ရေးစခန်းမျာသို့ ပြောင်းရွှေ့နေရာ ချထားပေးလျက်ရှိသည်။
တောင်တွင်းကြီးမြို့နယ်၌ ရက်(၁၀၀) “လမင်း” စီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များနေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်
Jul 12,2026
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို၌ ရက်(၁၀၀) “လမင်း” စီမံချက်ဖြင့် ဇွန်လ ၁ ရက်နေ့မှစတင်၍ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၁၁ ရက်နေ့ အထိ အခြေခံပညာကျောင်းပေါင်း ၈ ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၇၂၄ ဦးထိ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။