သတင်းများ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေငွေစာရင်းများ ရေးဆွဲတင်ပြခြင်းနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးတက်ရောက်
Sep 09,2025
(၈၆)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့အထိမ်းအမှတ် ဆရာတော်၏ရုပ်ထုအား လွမ်းသူပန်းခွေချ ဂါရဝပြုကန်တော့ခြင်းကို စက်တင်ဘာ ၉ ရက်နေ့ နံနက် ၇ နာရီက စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံရှိ ဆရာတော် ဦးဥတ္တမရုပ်ထုရှေ့၌ ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားလူငယ်မောင်မယ်များ တက်ရောက်ကြသည်။
ကန်ကြီးထောင့်မြို့နယ်၌ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းမရှိသူများအား ထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်
Sep 09,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ကျေးရွာအုပ်စုအတွင်းရှိ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းမရှိသူများအား မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းထုတ်ပေးနိုင်ရေး စိစစ်ခြင်းအား ယနေ့နံနက်က ဧရာသီရိသုခခန်းမတွင် ဆောင်ရွက်ခဲ့ကြသည်။
မင်္ဂလာဒုံမြို့နယ် အ.ထ.က(၃)ထောက်ကြန့်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ
Sep 09,2025
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကို အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း(ထောက်ကြန့်)၌ စက်တင်ဘာ ၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒိုက်ဦးမြို့တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာပေးဆောင်ရွက်
Sep 09,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူး‌ပေါင်း၍ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာပေး‌ကို ယမန်နေ့နံနက်(၉)နာရီအချိန်က အ‌ခြေခံပညာမူလတန်းလွန်(ရွာတန်းရှည်)ကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဟင်္သာတမြို့နယ်တွင် အခွန်ဆိုင်ရာ ကိစ္စရပ်များနှင့် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်
Sep 09,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က အခွန်ဆိုင်ရာ ကိစ္စရပ်များနှင့် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
သံဖြူဇရပ်မြို့နယ် အ.မ.က(​အောင်ကုသိုလ်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာဟောပြောပွဲပြုလုပ်
Sep 09,2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေး လူငယ်အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်​နေ့ နံနက်ပိုင်းက အ.မ.က(​အောင်ကုသိုလ်)​ကျောင်း၌ ဆောင်ရွက်သည်။
ပေါင်းတည် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မိုးစပါးအောင်မြင်ဖြစ်ထွန်းနိုင်ရေးစိုက်ပျိုးစရိတ်များ ဆက်လက်ထုတ်ချေး
Sep 09,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌  မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုဖြစ်ထွန်းအောင်မြင်နိုင်ရေးအတွက် ပေါင်းတည်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ယမန်နေ့နံနက်ပိုင်းတွင် တောင်သူများအား စိုက်ပျိုးရေးစရိတ်များဆက်လက် ထုတ်ချေးပေးခဲ့ကြကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်၌ စာကြည့်တိုက်ပညာဆင့်ပွားသင်တန်းဖွင့်လှစ်
Sep 09,2025
ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံဖြိုးတိုးတက်စေရန်အတွက် စာကြည့်တိုက်ပညာဆင့်ပွားသင်တန်း (၂/၂၀၂၅) ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန Cimmunity Centre ခန်းမ၌ ပြုလုပ်သည်။