မြန်မာ့စီးပွားရေးဘဏ်(တာမွေဘဏ်ခွဲ)၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား မျက်စိရောဂါများ အခမဲ့ကွင်းဆင်းကုသပေး

တာမွေ မေ ၂၅

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်(တာမွေဘဏ်ခွဲ)၌ ပင်စင်လစာများ လာရောက်ထုတ်ယူလျက်ရှိသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ယနေ့နံနက်ပိုင်း အချိန်က မျက်စိရောဂါ အထူးကုဆေးရုံကြီး(ရန်ကုန်)နှင့် တာမွေမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ပူးပေါင်း၍ မျက်စိရောဂါများ အခမဲ့ကွင်းဆင်းကုသပေးခြင်းနှင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုကဲ့သို့ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား မျက်စိရောဂါဝေဒနာများ ကွင်းဆင်းကုသပေးရာတွင် တာမွေမြို့နယ်ရှိ မျက်စိရောဂါ အထူးကုဆေးရုံကြီး(ရန်ကုန်)မှ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများနှင့်အခြားကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးနှင့်ဝန်ထမ်းများက မျက်စိရောဂါနှင့်ပတ်သက်၍ စမ်းသပ်စစ်ဆေးပေးခြင်း၊ ခွဲစိတ်ရမည့် လူနာများအား ဆေးရုံတက်ရောက်ကုသနိုင်ရေး ဆောင်ရွက်ပေးခြင်းနှင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ မျက်စိရောဂါများ ကွင်းဆင်းဆောင်ရွက်ပေးနေမှု အခြေအနေအား ယနေ့နံနက်ပိုင်းအချိန်က တာမွေ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဝင်းနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)