ကျုံပျော်၌ ပထမအကြိမ် မဲစာရင်းတွင် မဲဆန္ဒရှင်စာရင်း ၁၄၆၆၅၅ ဦးရှိ
Oct 06,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်စေရေးအတွက် မဲစာရင်းများကို ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ပထမအကြိမ်အဖြစ် စက်တင်ဘာ ၃၀ ရက် နံနက်မှ စတင်ကပ်ထားကြေညာပေးလျှက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ နေ့စဉ်လာရောက်ကြည့်ရှု လျှက်ရှိကြသည်။