သတင်းများ

သရက်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးအပ်ပွဲကျင်းပ
Jul 12,2026
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သရက်မြို့နယ် ဦးစီးမှူးရုံးမှ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် ကိုးပင်ကျေးရွာအုပ်စု၊ အခြေခံပညာ မူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
မြဝတီမြို့တွင် အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ခုနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင် ဒါရိုက်တာအဖွဲ့ရွေးချယ်တင်မြှောက်
Jul 12,2026
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် မြဝတီခရိုင်အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်း လီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ရွေးချယ်တင်မြှောက်ပွဲကို  ယနေ့နံနက် ၉ နာရီတွင် မြဝတီမြို့ အမှတ် (၄) ရပ်ကွက်ရှိ ဖူးသစ်ကိုယ်ပိုင်အလယ်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ကျောက်တန်းမြို့နယ်၌ မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက် (Fire Safety Certificate) သက်တမ်းတိုးခြင်းဆောင်ရွက်
Jul 12,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အောက်ရှိ Thilawa Multipurpose International Terminal ( TMIT )  လုပ်ငန်းအား မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက် (Fire Safety Certificate) သက်တမ်းတိုး ဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု အထွက်နှုန်းကောင်းမွန်ရေး၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးနှင့် မျိုးကောင်း မျိုးသန့် မျိုးစေ့စိုက်ပျိုးထုတ်လုပ်ခြင်းနည်းပညာပေးသင်တန်းတွင် ဆုရရှိသူများအား ဆုချီးမြှင့်
Jul 12,2026
မန္တလေးတိုင်းဒေသကြီး ၊ကျောက်ဆည်ခရိုင်  ဝါသီးနှံသုတေသနှင့်နည်း ပညာဖွံ့ဖြိုးရေးခြံ(လွန်ကျော်) ၌ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု အထွက်နှုန်းကောင်းမွန်ရေး၊ ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းရေးနှင့် မျိုးကောင်းမျိုးသန့် မျိုးစေ့အဆင့်ဆင့် စိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာပေးသင်တန်း ဖွင့်လှစ်ခဲ့ပြီး ယမန်နေ့နံနက်ပိုင်းက ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။ 
နေပြည်တော်ကောင်စီဝင် ဦးမင်းဦး နေပြည်တော်သောက်ရေသန့်လုပ်ငန်းရှင်များအသင်း နှစ်ပတ်လည်အသင်းသားစုံညီ အခမ်းအနားတက်ရောက်
Jul 12,2026
နေပြည်တော်သောက်ရေသန့်လုပ်ငန်းရှင်များအသင်း နှစ်ပတ်လည်အသင်းသားစုံညီအခမ်းအနား (၁/၂၀၂၆) ကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်ရှိ သုခစိုးဟိုတယ်၌ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ နေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွန်ကြားရေးမှူး ဒေါက်တာပြည့်ဖြိုး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးဝင်းဦး၊ စားသုံးသူရေးရာဦးစီးဌာန ညွန်ကြားရေးမှူး ဦးထွန်းထွန်း၊ နေပြည်တော်သောက်ရေသန့်လုပ်ငန်းရှင်များအသင်း နာယက ဦးသန်းစိုးနှင့် ဥက္ကဋ္ဌ ဦးမိုးကျော်၊ နေပြည်တော်သောက်ရေသန့်လုပ်ငန်းရှင်များနှင့် အသင်းဝင်များ တက်ရောက်ကြသည်။
တိုက်ကြီးမြို့နယ် အုန်းပင်ကွင်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း လုပ်ငန်းကော်မတီအသစ် ပြန်လည်ရွေးချယ်ဖွဲ့စည်း
Jul 12,2026
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသည့် မြစိမ်းရောင်စီမံကိန်း လုပ်ငန်းကော်မတီအသစ် ပြန်လည်ရွေးချယ်ဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက အုန်းပင်ကွင်းကျေးရွာ၌ ကျင်းပသည်။
ပေါင်မြို့နယ်၌ မိုးစပါး စိုက်ဧက (၁၃၂၆၉၄) ဧကထိ လျာထားစိုက်ပျိုးသွားမည်
Jul 12,2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးစိုက်ဧက (၁၃၂၆၉၄) ဧကထိ လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သန်လျင်မြို့ လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာကြီးအောင်သင်း၏ “လူငယ်ရဲ့ဘဝနှင့်တန်ဖိုး” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Jul 12,2026
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်း Book Club အဖွဲ့တို့ပူးပေါင်းကျင်းပသော စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်( ၁၀ )နာရီတွင် သန်လျင်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။