ဖြူးမြို့နယ် (၁၆)ခုတင်ဆံ့ တိုင်းရင်း​ဆေးရုံ၌ နှင်းခူရောဂါ​အကြောင်း စာတမ်းဖတ်ပွဲပြုလုပ်

ဖြူး မေ ၂၃

တိုင်းရင်းဆေးပညာ စဥ်ဆက်မပြတ်ပညာပေးရေးအစီအစဥ်(CTME) နှင်းခူရောဂါ​အကြောင်းနှင့်လက်တွေ့ကုထုံးများ ပိုမိုကျယ်ပြန့်စွာသိရှိစေရန် ရည်ရွယ်၍ စာတမ်းဖတ်ပွဲကို မေလ(၂၃) ရက်နေ့၊ နံနက်ပိုင်းက တောင်ငူခရိုင်၊ ဖြူးမြို့နယ် (၁၆)ခုတင်ဆံ့တိုင်းရင်း​ဆေးရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာတမ်းဖတ်ပွဲတွင် သဘာပတိ ဖြူးမြို့နယ် တိုင်းရင်းဆေးဆရာအသင်းဥက္ကဋ္ဌ  ဆရာဦးလှထွန်းဦးက အဖွင့်အမှာစကားပြောကြားပြီး နှင်းခူရောဂါ​အကြောင်း စာတမ်းကို  ဖြူးမြို့နယ်(၁၆)ခုတင်ဆံ့ တိုင်းရင်း​ဆေးရုံမှ ဒုတိယတိုင်းရင်း​ဆေးမှူး​ ဒေါ်ဇင်မင်းထွန်းမှ ဖတ်ကြားသည်။

ထို့နောက် တက်ရောက်ခဲ့ကြသည့် တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင် အတွင်းရှိ  (၁၆)ခုတင်ဆံ့ တိုင်းရင်း​ဆေးရုံများ၊ မြို့နယ်တိုင်းရင်းဆေးကုဌာနများ၊ ဖြူးမြို့နယ်တိုင်းရင်းဆေးဆရာများအသင်းမှ ဆရာ/ဆရာမများ၊ ဖြူးမြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက နှင်းခူရောဂါ​အကြောင်းနှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြု​ဆွေး​နွေးကြကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် ဖြူးမြို့နယ် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံဝန်ထမ်း သားသမီးများအား ဒုတိယဆေးရုံအုပ် ဒေါ်စိုးလက်မီမှ ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)