သတင်းများ

ပြည်တွင်းအခွန်များဦးစီးဌာန၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၅) က အခွန်ဆိုင်ရာ အသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှု တိုးတက်ရေး လူထုလှုပ်ရှားမှု (Tax Campaign) ပြုလုပ်
Jul 12,2026
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၅) ကကြီးမှူးကျင်းပသော အခွန်ဆိုင်ရာ အသိပညာတိုးတက်ရေးနှင့်အခွန်တာဝန်လေးစားလိုက်နာမှု တိုးတက်ရေးလူထုလှုပ်ရှားမှု အစီအစဉ်(Tax Campaign) ကို ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီက မန္တလေးမြို့၊ CAE ကိုယ်ပိုင်အထက်တန်း ကျောင်းနှင့် အင်းဝကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အထက(ဘယ်လင်း)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြော
Jul 12,2026
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူလူငယ်များ အသိအလိမ်အမာတိုးပွားစေရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာအတတ်ပညာများ တိုးပွားစေရေး၊  နိုင်ငံ‌တော်အတွက် အကျိုးပြုနိုင်‌သော အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာလေးများ ပေါ်ထွန်းလာစေရေးတို့ကိုရည်ရွယ်ကာ စာဖတ်ရှိန်မြှင့်တင်‌ရေးလူငယ်ရေး‌ရာ အသိပညာပေး ဟောပြောပွဲကို ဇူလိုင် ၁၀ ရက်က ဘယ်လင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ဘယ်လင်း) ခန်းမ၌ ကျင်းပသည်။
ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးမြေပဲ ဧက ၅၇၀၀ ကျော်စိုက်ပျိုးပြီးစီး
Jul 12,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ပြည်တွင်းစားသုံးဆီဖူလုံပြီး ပြည်ပစားသုံးဆီတင်သွင်းမှုလျော့ချနိုင်ရန်အတွက် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်ကြရာ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးမြေပဲဧက ၅၇၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ညောင်ဦးမြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များနှင့် စားအုန်းဆီအရောင်းဆိုင်များ ရည်ညွှန်းနှင့်အချိန်အတွယ် မှန်ကန်စွာရောင်းချခြင်း ရှိ၊ မရှိကွင်းဆင်းစစ်ဆေး
Jul 12,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ညောင်ဦးမြို့နယ်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်များနှင့် စားအုန်းဆီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်း၊ အချိန်အတွယ်မှန်ကန်စွာ ရောင်းချခြင်းရှိမ၊မရှိ ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်က ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်ဖြန့်ဖြူးသည့် လယ်ယာသုံးစက်ကိရိယာများဖြင့် မိုးစပါးစုပေါင်းစိုက်ပျိုးနေမှုအား သွားရောက်ကြည့်ရှုအားပေး
Jul 12,2026
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ယမန်နေ့က ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် လယ်ယာသုံးစက်ကိရိယာများဖြင့် စုပေါင်းမိုးစပါးစိုက်ပျိုးနေမှု သွားရောက်ကြည့်ရှု အားပေးသည်။
မိုးညိုမြို့နယ်၌ တင်းဝါးနှင့်ထီးရိုးဝါး တစ်အုပ်တစ်မစိုက်ပျိုးပွဲပြုလုပ်
Jul 12,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ မင်းလှ-မိုးညိုလမ်း၊ မိုင်တိုင်အမှတ် (၁၅ / ၇) နှင့် (၁၆ / ၀) အကြားတွင် ဝါးတစ်အုပ်တစ်မစိုက်ပျိုးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
မိုင်းပျဉ်းမြို့ အထကကျောင်း၌  ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနေ့ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ
Jul 12,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းနှင့်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးနေ့  ဇူလိုင်လဒုတိယပတ်အနေဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို  ဇူလိုင် ၁၂ ရက် နံနက် (၇) နာရီက အဆိုပါကျောင်းဝင်းအတွင်း၌ ကျင်းပသည်။
မိုင်းယောင်းမြို့၌ ရိုဘတ်စတာကော်ဖီစိုက်ပျိုး
Jul 12,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ဘိုးကျေးရွာ၌ယမန်နေ့က မြေနိမ့်ဒေသစိုက် ရိုဘတ်စတာ (Robusta) ကော်ဖီကို ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက စိုက်ပျိုးကြသည်။