ပေါင်မြို့နယ်၌ လောင်းကစားမှုပပျောက်ရေး၊ မှုခင်းကျဆင်ရေး အသိပညာပေးဟောပြော
Jul 12,2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ လောင်းကစားမှုပပျောက်ရေး၊မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကဒါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ရာ မြို့နယ်ဥပဒေအရာရှိ ဦးမျိုးထက်ကျော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလှိုင်၊ ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကျော်စိုးသန်း၊ မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးအောင်ဆွေမိုးနှင့် ပြည်သူများတက်ရောက်ခဲ့ကြသည်။