သတင်းများ

ညောင်လေးပင်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိ ပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်
Sep 09,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်ခြင်းတို့ကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မူလွန်(ငှက်ပျောတောစု)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မအူပင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းသရုပ်ပြပွဲ ကျင်းပ
Sep 09,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက အမှတ် (၉) ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ ကျင်းပပြုလုပ်သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်ပေး၊ ပညာရေးဒီဂရီကောလိပ် (မြစ်ကြီးနား) ၌ ဖွင့်လှစ်ခဲ့သော မိုးရာသီ မြန်မာ့သိုင်းသင်တန်းဆင်းပွဲသို့ တက်ရောက်အားပေးချီးမြှင့်
Sep 09,2025
၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို မြစ်ကြီးနားမြို့၌ ပြည်နယ်အစီုးရအဖွဲ့ရုံးမေခခန်းမ၌ ပြိုင်ပွဲအမျိုးအစားပေါင်း (၂၇)မျိုးတွင်ပြိုင်ပွဲဝင် (၈၈) ဦးတို့ဖြင့် (၂) ရက်ကြာ ယှဉ်ပြိုင်ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ယနေ့နံနက် (၈)နာရီက ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။
ရွှေဘိုမြို့၌ မူးယစ်​ဆေးဝါးအန္တရာယ်အသိပညာ​ပေး​ ဟော​ပြောပွဲကျင်းပ
Sep 09,2025
 စစ်ကိုင်းတိုင်း​ဒေသကြီး​ရွှေဘိုခရိုင် ​ရွှေဘိုမြို့ အမှတ် (၅) အ​​ခြေခံပညာအထက်တန်း​ကျောင်းတွင် မူးယစ်​ဆေးဝါးအန္တရာယ် အသိပညာ​ပေး​ဟော​ပြောပွဲကို ယ​နေ့နံနက် ၁၀ နာရီချိန်က ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
ဖျာပုံမြို့၌ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဆောင်ရွက်
Sep 09,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွန်မှုဖြင့်အမှတ် (၈၀) ယာဥ်ထိန်းတပ်ဖွဲ့စု (ဖျာပုံ) မှတာဝန်ရှိသူများသည်  မြို့နယ်အတွင်း သွားလာလျက်ရှိကြသော မော်တော်ယာဥ်မောင်းနှင်ကြသူများအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်ခြင်းကို့ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်း လိုက်လံအသိပညာပေးဆောင်ရွက်ကြသည်။
ဘိုကလေးမြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Sep 09,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ယနေ့နံနက် ၁၀ နာရီ အချိန်က ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။
ပန်းတနော်မြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 09,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးကျင်းပသော ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ရွှေလှေကျေးရွာအုပ်စု အခြေခံပညာအထက်တန်းကျောင်းနှင့် မင်းတစုကျေးရွာရှိ ဆွမ်းလောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟိုင်းကြီးကျွန်းမြို့၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ ခဲပန်းချီနှင့် ပေးစာပြိုင်ပွဲများကျင်းပ၍ ထူးချွန်လက်ရာများ ခင်းကျင်းပြသ
Sep 09,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ကဗျာ၊ပန်းချီ၊ကာတွန်း၊ခဲပန်းချီနှင့် ပေးစာပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က ဟိုင်းကြီး အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။