သတင်းများ

တိုက်ကြီးမြို့နယ် မေတ္တာအေးကျေးရွာ၌ သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ကျေးရွာမြေငှား ဂရန်များ ထုတ်ပေး
Jul 12,2026
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုအနေဖြင့် ဆောင်ရွက်သည့် ကျေးရွာမြေငှားဂရန် ထုတ်ပေးခြင်းကို ဇူလိုင် ၁၁ ရက် ညနေ ၃ နာရီခွဲက မလေးရှားဝိုင်ကျေးရွာအုပ်စု မေတ္တာအေးကျေးရွာ အောင်မြင့်မိုရ်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပသည်။
ဘုတ်ပြင်းမြို့၌ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jul 12,2026
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၁၁ ရက်နေ့ညနေပိုင်းက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်း၍ အမြစ်ပွလဲကျနေသော သစ်ပင်များအား ရှင်းလင်းဖယ်ရှားခြင်းလုပ်ငန်း
Jul 12,2026
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ဇူလိုင် ည  ၉ နာရီခန့်က ဗောဓိကုန်းရပ်ကွက် ဆေးရုံလမ်းဘေးတွင် မိုးသည်းထန်စွာရွာသွန်း၍ အမြစ်ပွကာ အထက(မြို့မ) ကျောင်းခြံစည်းရိုးပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားသဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ချစ်ထက် နှင့် မီးသတ်တပ်ဖွဲ့ဝင်များက လဲကျနေသော လုံးပတ် ၄ ပေ၊ အမြင့် ၅၀ ပေခန့်ရှိ စိန်ပန်းပင်အား ရှင်းလင်းဖယ်ရှားခဲ့ရာ အထက(မြို့မ)ကျောင်းခြံစည်းရိုး အလျား ၁၀ ပေ၊ အမြင့် ၅ ပေခန့် သံစကာအုတ်တံတိုင်းတစ်ကန့် ပြိုလဲခြင်း၊ နှစ်ခန်းတွဲအိမ်သာနှင့် ရေစည်တို့၏သွပ် ၄ ချပ် ပျက်စီးဆုံးရှုံးခဲ့သည်။
ပခုက္ကူမြို့၌ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်
Jul 12,2026
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့၌ နိုင်ငံတော်အစိုးရ၏ရက်(၁၀၀)လမင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲအောင်နှင့် ဝန်ထမ်းများက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား ကျောင်းသူများအတွက်  နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များကို ဇူလိုင် ၉ ရက်မှ ၁၁ ရက်အထိ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား ကျောင်းသူ(၂၅၉)ဦးထံ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်UID ကတ်များပေးအပ်ကြကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် ဝါသီးနှံစိုက်ပျိုးသည့်တောင်သူများအား မျိုးနှင့်သွင်းအားစုများ ပံ့ပိုးပေးအပ်
Jul 12,2026
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်သမဝါယမဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ လူမှုစီးပွားမြှင့်တင်ရေး (သက်တံ့ရောင်) စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေမှ ဝါသီးနှံစိုက်ပျိုးသည့် တောင်သူများအတွက် မျိုးနှင့်သွင်းအားစု ပံ့ပိုးပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ထန်းတစ်ပင် ကျေးရွာအုပ်စု၊ လယ်ပြင်စုကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကော့မှူးတွင် သွေးလွန်တုပ်ကွေးရောဂါတွေ့ရှိသော ဘန်ဘွေးအိုင်ကျေးရွာ၌ အသိပညာပေး
Jul 12,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ မိုးရာသီတွင်အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများ၊ အဘိတ်ဆေးခပ်ခြင်းများနှင့်ခြင်‌ဆေးဖျန်းခြင်းများကို ဇူလိုင် ၁၂ ရက်က ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ သွေးလွန်တုပ်ကွေးလက္ခဏာဖြစ်ပွား‌နေသော ဘန်‌ဘွေးအိုင်ကျေးရွာ၌ကျန်းမာ ရေးဝန်ထမ်းများက ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများအားဆောင်ရွက်နေကြကြောင်း သိရသည်။
ချောက်မြို့နယ် မိုလာကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီး
Jul 12,2026
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက် (VDP) ဖြင့်‌ ပြည့်ပင်ကျေးရွာအုပ်စု၊ မိုလာ‌ကျေးရွာတွင် ကျေးရွာတွင်းကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံအင်ဂျင်နီယာများက ကွင်းဆင်း စစ်ဆေးခဲ့သည်။