ဟုမ္မလင်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးပြည်သူ့စကားဝိုင်း(Public Talk)ဆွေးနွေး
Jul 12,2026
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင် ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက၊ကြီးမှူး၍ကျင်းပသောကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk)ဆွေးနွေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းစိန်ဖေ၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံလှစိုး၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းသန်းစိုးနှင့်ဌာနဆိုင်ရာများ ပူးပေါင်းကာ ယနေ့ နံနက်(၉)နာရီခွဲက ဟုမ္မလင်းမြို့နယ် ထိန်ကင်းအုပ်စု မာလာကျေးရွာ သဒ္ဓမ္မကာရီကျောင်း၌ ကျင်းပသည်။