ရှမ်းရွာသစ် ဇွန် ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ်အတွင်း လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် ကွီးလေးကျေးရွာအုပ်စု၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများ ပေးအပ်ခြင်းလုပ်ငန်းတွင် ကွီးလေးကျေးရွာအုပ်စု၌ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရရှိသော အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ်အတွက် သက်ကြီးဘိုးဘွားတစ်ဦးလျှင် (၃၀၀၀၀/-)ကျပ်နှုန်းဖြင့် အဘိုး(၁)ဦး၊ အဘွား(၆)ဦးတို့အား တာဝန်ရှိသူများက လက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)