မြို့သစ်မြို့နယ် ယင်းနားကုန်းကွင်းတွင် စက်မှုလယ်ယာဦးစီးဌာနက တောင်သူများအား ဆေးဖျန်း (ကိရိယာ) အသုံးပြုခြင်း သရုပ်ပြပွဲကျင်းပ 

မြို့သစ် ဇွန်  ၁၇ 

မကွေးတိုင်းဒေသကြီး၊   မြို့သစ်မြို့နယ် ယင်းနားကုန်းကျေးရွာ ကွင်းအမှတ် ၂၆၀၈(ခ)ရှိ တောင်သူ ဦးသန်းဇော် စိုက်ပျိုးထားသော နှမ်းနီ (၂၅/၁၆၀) နှမ်းမျိုးများ စိုက်ပျိုးရာတွင် တွေ့ကြုံရသည့်   လယ်ယာလုပ်သား ရှားပါးခြင်းများ ပြေလျော့ပြီး  တောင်သူများအတွက် ကုန်ကျမှုသက်သာစေရန် စက်မှုလယ်ယာသုံး စက်ကိရိယာများ တွင်ကျယ်စွာ အသုံးပြုခြင်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ် မှုကဏ္ဍ  ဖွံ့ဖြိုးတိုးတက်စေရန် ၊  ကျေးလက်လှုမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍  (Seifpropelled Boon Sprayen) ဆေးဖျန်းကိရိယာ အသုံးပြုနည်းစနစ် သရုပ်ပြပွဲကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ယင်းနားကုန်းကွင်းတွင် ကျင်းပခဲ့သည်။ 

အဆိုပါ  တောင်သူများသရုပ်ပြပွဲတွင် အမှတ် (၇၁) စက်မှုလယ်ယာစခန်းတောင်တွင်းမှ မြို့နယ် ဦးစီးဌာနမှူး ဦးအောင်မိုးသူက မြို့သစ်မြို့နယ်ရှိတောင်သူများအား ဆေးဖျန်းကိရိယာအသုံးပြု နည်း သရုပ်ပြပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသော တောင် သူများအား  ဆေးဖျန်းကိရိယာအသုံးပြုနည်းစနစ်များကို မေးမြန်းကြရာ ဌာနမှူးက ပြန်လည်ရှင်းလင်းခဲ့သည်။ 

ဆက်လက်၍ စက်မှုလယ်ယာဦးစီးဌာန ဝန်ထမ်းများက စနစ်တကျဆေးဖျန်းခြင်းအား လက်တွေ့ သရုပ်ပြကာ တက်ရောက်လာသော တောင်သူများက စိတ်ဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ရာ ဆေး ဖျန်းကိရိယာကို တစ်လုံးထိုးဒီဇယ်အင်ဂျင်အမျိုးအစားဖြင့် ပြုလုပ်ထားပြီး ဆေးရည်ဝင်ဆံ့သည့် ပမာဏလီတာ ၃၀၀၊ တစ်ကြိမ်လျှင် ဆေးဖျန်းနိုင်သည့် အကျယ်မီတာ ၂၀၊ ပတ်ဖျန်းနိုင်ကြောင်းနှင့် စက် တန်ဖိုးအနေဖြင့် ကျပ်သိန်း ၁၂၅ သိန်းရှိကြောင်း တောင်တွင်းကြီးမြို့ အမတ် (၇၁) စက်မှုလယ် ယာစခန်း မြို့နယ်ဦးစီးဌာနမှူးထံမှ သိရသည်။ 

ကိုဇော် (မြို့သစ်)