လှိုင်းဘွဲ ဇွန် ၁၇
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ အနေဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန်၊ အသိပညာဗဟုသုတများ ရရှိနိုင်ရန်အတွက် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ (Community Centre) ခန်းမ၌ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါနံရံကပ်စာစောင်များတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးစာစောင်၊ မူးယစ် အန္တရာယ်ပြည်ရန်စွယ်ကာကွယ် တိုက်ဖျက်ပြည်သူ့အတွက်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး မှတ်တမ်းဓါတ်ပုံများ၊ ၁၉ ရာစုနောက်ပိုင်း တွေ့ရှိရသော မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်း၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းတို့ကို ပြည်သူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)