မိုင်းယောင်း ဇွန် ၁၇
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူသည် ယမန်နေ့ မွန်းလွဲပိုင်းက ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဟန်ရီထွန်းနှင့်အတူ မြို့နယ်အတွင်း ပြုပြင်ထိန်းသိန်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေ အနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် နမ့်ခပ်ရေလွှဲတံခါး မြေထိန်းနံရံပြိုကျနေမှုအား တာဝန်ရှိသူ များမှ စက်ယန္တရား အသုံးပြု၍ ပြုပြင်ဆောင်ရွက်နေမှုများ၊ ထေရဝါဒဗုဒ္ဓသာသနာပြု (ဝမ်ဇလီလော်)ကျောင်း မြေထိန်းနံရံပြိုကျမှုအား ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ မျိုးဆက်သစ်ရောင်နီ ပရဟိတ လူမှုကူညီရေးအသင်းနှင့် စေတနာ့ဝန်ထမ်းများမှ စုပေါင်းပြုပြင်ထိန်းသိမ်း ဆောင်ရွက်နေမှုများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်နိုင်လင်း၊ အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းနေလှိုင်၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း