ကျောက်တံခါး ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယနေ့ နံနက်ပိုင်းက ကျောက်တံခါးမြို့ပေါ် (၅)ရပ်ကွက်နှင့် ပဲနွယ်ကုန်း မြို့ပေါ်(၈)ရပ်ကွက်တို့တွင် ပြည်သူများ သိရှိလိုက်နာရမည့်အချက်များ၊ ဆောင်ရန်/ရှောင်ရန်များအား နှိုးဆော်အသိပေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ နှိုးဆော်အသိပေးဆောင်ရွက်ရာတွင် မိမိတို့မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေး၊ ပြန့်ပွားမှုမရှိစေရေးအတွက် ပြည်သူများအနေဖြင့် အထူးဂရုပြုသွားလာနေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာချိန်တိုင်း Mask (နှာခေါင်းစည်း)များ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ မလိုအပ်ပဲ လူစုလူဝေးရှိသော နေရာများသို့ သွားလာခြင်းမှ ရှောင်ကျဉ်ရန်၊ လက်ကိုမကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင် ကြရန်စသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များအား လိုက်နာ၍ အချင်းချင်း အသိပေးခြင်း၊ သတိပေးခြင်းများဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုက်လံနှိုးဆော်ပေးခဲ့ကြောင်း သိရ သည်။