အုတ်ဖို ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် ရေးနှင့် အသိပညာပေးလုပ်ငန်းများ၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားလာပါက စနစ်တကျ ထားရှိ ကုသနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံလမ်းညွှန်မှုဖြင့် အရှိန်အဟုန်မပြတ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် နှာခေါင်းစည်းဖြန့်ဝေ ခြင်းနှင့် စျေးရောင်း၊ စျေးဝယ်များ၊ စျေးကြီးကြပ်ရေးကော်မတီများ လိုက်နာရမည့် ကျန်းမာရေးဝန် ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် စည်းကမ်းချက်များကို အများပြည်သူမြင်သာသည့် နေရာများတွင် ပိုစတာများ စိုက်ထူခဲ့ပြီး စျေးရောင်ချသူများအား ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်ရန် မြို့နယ်ဆရာဝန်ကြီးနှင့် တာဝန်ရှိသူများက အသိပညာပေး ပြောကြား ခဲ့သည်။
အလားတူ နှာခေါင်းစည်းဖြန့်ဝေခြင်း လုပ်ငန်းများကိုလည်း နေ့စဉ်ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားလာပါက စနစ်တကျကန့်သတ်ထားရှိနိုင်ရန် Quarantine Centre ကို သီတဂူ စက္ခုဒါနဆေးရုံတွင် ပြင်ဆင်ထားရှိပြီး Positive လူနာများထားရှိကုသနိုင်ရန် မြို့နယ် ပြည်သူ့ဆေးရုံ နှစ်ထပ်ဆောင်တွင် ပြင်ဆင်ထားရှိပြီး ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ သိရသည်။
အောင်သူ(အုတ်ဖို)