သဲကုန်း ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံ ပေးရမည့် စာရင်းအရ အသက်(၁၈)နှစ်နှင့် အထက် လူဦးရေ(၁၀၅၃၉၁ ) ဦးရှိကြောင်း သိရှိရသည်။
ယနေ့အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်သည့် အခြေအနေမှာ အသက်(၆၀)နှစ်နှင့် အထက် (၁၀၀၆)ဦး၊ အသက်(၄၀)နှစ်မှ (၅၉)နှစ်အထိ (၂၅၀၉)ဦး၊ အသက်(၁၈)နှစ်မှ (၃၉)နှစ်အထိ (၂၈၈၅)ဦး အား ထိုးနှံပေးခဲ့ပြီး ပထမအကြိမ်ထိုးနှံပြီးသူ (၆၄၀၀) ဦးရှိပြီဖြစ်ကာ ရာခိုင်နှုန်းအားဖြင့် ယနေ့အချိန် အထိ (၆.၀၇%)ရှိပြီဖြစ်သည်။
ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသော ပြည်သူများအား ကာကွယ်ဆေးရရှိပါက အသုတ်လိုက်ခွဲ၍ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီး ဌာနမှ သိရှိရသည်။
နိုင်လင်း