ရေကြည်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အဘိတ်ဆေး ခတ်ပေးခြင်းများ ဆောင်ရွက်
Jun 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၌ မြို့ပေါ်ရပ်ကွက်များသို့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် မိုးဦးကာလတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ယနေ့ နံနက် ၈ နာရီခွဲက မြို့ပေါ်ရပ်ကွက် အသီးသီးရှိ နေအိမ်များသို့ ပိုးလောက်လန်းများမရှိ စေရန်ရေကန်၊ ရေတိုင်ကီ၊ ရေအိုး၊ ရေပုံးအတွင်း ခြင်ဖြစ်မည့် ပိုးလောက်လန်းများအား အဘိတ်ဆေးခတ်ခြင်း၊ အဘိတ်ဆေးများကို တစ်အိမ်တက်ဆင်း လိုက်လံဝေငှ ပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။