နတ်မောက်မြို့နယ်၌ ကာကွယ်ဆေးထိုးသည့် စုရပ်(၆)နေရာတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Oct 28,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ရှိ အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်/ကျေးရွာ ပြည်သူများအား ကာကွယ်ဆေးထိုးသည့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေပန်းတောကျေးရွာတိုက်နယ်ဆေးရုံ၊ ဖန်ခါးစမ်းကျေးရွာတိုက်နယ်ဆေးရုံနှင့် စိုင်ကောင်း ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတို့တွင် စုရပ်များခွဲ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ဆရာ/မများ၊ စေတနာ့ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။